အခန်း (၁၆)

3.4K 541 22
                                    

မနက်ပိုင်း ကျောင်းသွားရမယ့်အချိန်တွင် ဖုခွင်း ခြံဝန်းထဲကနေ ဖုရိကျယ်ကိုစောင့်ရင်း တစ်ဖက်ကလည်း သူ အသစ်ရထားတဲ့ စက်ဘီးအသစ်ကို သဘောတကျကြည့်နေသည်၊ သူ ရိကျုံးကို တက်ရလို့ ဆုအနေနဲ့ လောင်ပါးက သူ့ကို အာမီနီ (EMMELLE) တံဆိပ်စက်ဘီး တပတ်ရစ်လေးကို ယွမ်၂၅၀ နဲ့ဝယ်ပေးထားသည်။

အစကတော့ အသစ်ဝယ်ပေးမလို့ပဲ ဒါပေမယ့် အသစ်က တစ်ထောင်နီးပါးလောက် သုံးရမှာဖြစ်လို့ လောင်မားက သဘောမတူတာကြောင့် လောင်ပါးက လက်လျှော့ပြီး သူ့ကို တစ်ပတ်ရစ်သာ ဝယ်ပေးလိုက်သာဖြစ်သည်၊ ဒါပေမယ့် သေချာလေး ပြင်ဆင်ပြီး ဆေးတွေဘာတွေ ပြန်မှုတ်လိုက်တော့ ကြည့်လိုက်ရင် အသစ်နဲ့တောင် သိပ်မကွာတော့ဘူး။

ဖုခွင်းက စိတ်ကြီးဝင်တတ်တဲ့သူဆိုပေမယ့်လည်း သူ့အိမ်က ပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ပတ်သက်ရင်တော့ သူ ဘယ်လိုမှ သဘောမထားဘူး၊ သူက လောင်မားရဲ့ အဲ့ဒီ မိန်းမစီး ဖီးနစ် စက်ဘီးဟောင်းကြီးကို လဲချင်နေတာဖြစ်ပြီး လောင်ပါးပေးလိုက်တာက တစ်ပတ်ရစ်စက်ဘီးက အလျင် ၁၈နဲ့ အာမီနီ ဖြစ်နေရင်တောင် သူ သဘောကျနေတုန်းပဲ။

ဖုရိကျယ်က လွယ်အိတ်ကိုကိုင်ကာ တိုက်အောက်ကိုဆင်းလာခဲ့ပြီး စင်္ကြံနားရောက်သည့်အချိန်တွင် သူ တိုက်အောက်မှာ ရပ်နေတဲ့ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ ဖုခွင်းကို မြင်လိုက်ရတော့ အကြောင်သား ငေးကြည့်နေကာ ဆင်းမလာဘဲ ရပ်နေသည်။

ဖုခွင်းရဲ့တောင်းဆိုချက်အရ လောင်မားက ကျောင်းအင်္ကျီကို နည်းနည်းတိုပေးလိုက်တာကြောင့် အရင်ကလို လျှော့ရိလျှော့ရဲ မနေတော့ဘဲ ခန္ဓာကိုယ်နဲ့ ကွတ်တိပုံစံပြောင်းသွားပြီး ဘောင်းဘီအနက်ရောင် ပြီးတော့ နက်ခ်တိုင်ရယ် လက်ကိုအိတ်ကတ်ထဲ ထည့်ထားတဲ့ ပုံစံအနေအထားတို့ကြောင့် ဖုခွင်းကို ကြည့်ရတာ အရမ်းကို.........

ဖုရိကျယ် အကြာကြီး စဉ်းစားနေတာတောင် ဘယ်စကားလုံးနဲ့ဖော်ပြရမယ်မှန်း မသိသေးဘူး၊ ခန့်ညားတာ၊ သဘာဝဆန်ဆန် လွတ်လပ်ပေါ့ပါးနေတာ၊ စောက်ရမ်းမိုက်တာ.......

"မြန်မြန်လုပ်၊ ဒီနေ့ အလံတင်မှာ" ဖုခွင်းလှည့်ကြည့်လာပြီး သူ့ကိုတွေ့တော့ လှမ်းအော်လိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now