အခန်း ၂၆

2.6K 525 18
                                    

စင်္ကြံလမ်းတွင် ဘေးအိမ်ခန်းက လူတွေပါ ထွက်လာပြီး ရှဖေးတို့အိမ် တံခါးဝမှသို့ လာကြည့်နေကြသည်။

ဖုရိကျယ်က လောင်ပါးလောင်မားတို့နဲ့အတူ ထွက်ပြီးကြည့်ချင်ပေမယ့် ဖုခွင်းက သူ့ကိုဆွဲထားပြီး "ဒုက္ခသွားမပေးနဲ့"

အန်တီရွီရဲ့မျက်လုံးတွေက နီရဲနေပြီး ငိုထားသလိုပင် ဒါပေမယ့် အမှုအရာကို ကြည့်လိုက်ရင်တော့ ဒေါသထွက်နေတာနဲ့ပိုတူသည်

ဖုရိကျယ်က ရှဖေးကို ဦးလေးရှက သယ်ပွေ့လာပြီး အခန်းထဲမှ ထွက်လာခဲ့သည်ကို တွေ့လိုက်ရပြီး ဘာဒဏ်ရာမှ ရမထားပါဘူးလို့ ထင်လိုက်မိပေမယ့် ရှဖေးရဲ့ အင်္ကျီနောက်ကျော တစ်ဝက်လောက်ကနေ ရှဖေးကျောပြင်ကို မြင်လိုက်ရတော့ ထခုန်မတက် လန့်သွားသည်

ရှဖေးရဲ့ နောက်ကျောပြင်တစ်ခုလုံးမှာ အညိုအမည်းတွေ စွဲနေတယ်

"အဲ့တာက ဘယ်လိုဖြစ်တာလဲ" ဖုရိကျယ်က ဖုခွင်းရဲ့ လက်ကိုဆွဲပြီးမေးလိုက်သည် "ရှောင်ဖေးကောရဲ့ ကျောက ဘယ်လိုဖြစ်တာလဲ?"

"........မသိဘူး၊ တိုက်မိတာများလား?" ဖုခွင်း တုံ့တုံ့ဆိုင်းဆိုင်း ဖြေလိုက်သည်၊ သူက ဒဏ်ရာရတဲ့နေရာမှာ ကျွမ်းကျင်တစ်ယောက်ပဲ၊ ဒါပေမယ့် ဒီလိုဒဏ်ရာမျိုးကိုတော့ တစ်ခါမှ မရဖူးဘူး၊ ဒုတိယထပ်ကနေ အောက်ကို ကျောနဲ့ပြုတ်ကျတာမျိုးမှ မဟုတ်ရင် ဒီလိုဒဏ်ရာက ရလာစရာ အကြောင်းမရှိဘူး

ရှဖေးတို့က အောက်ကို မြန်မြန်ဆင်းသွားတာကြောင့် လောင်ပါးလည်း လိုက််ဆင်းသွားပြီး ဆေးရုံသွားဖို့ရာကို ကူညီပေးလိုက်သည်

ဖုခွင်းက ဖုရိကျယ်ကိုဆွဲကာ အိမ်ထဲကို ပြန်ဝင်လာခဲ့ပြီး နှစ်ယောက်လုံး ကုတင်ပေါ်ထိုင်တဲ့အထိ ဘာတစ်လုံးမှ မပြောမိကြဘူး၊ ဖုခွင်းတစ်ယောက် ရှဖေးရဲ့ကျောကို ဒီလောက်ဒဏ်ရာတွေဖြစ်ပြီး ကြီးကြီးမားမား နာကျင်အောင် ဘယ်အရာကများ လုပ်လိုက်တာပါလိမ့်လို့ စဉ်းစားနေမိသည်

ဖုရိကျယ်က ရေခွက်ကို လက်ထဲတွင်ကိုင်ထားပြီး သူ့လက်က အနည်းငယ်တုန်ယင်နေသည်

ရှဖေးမှာ ဘာကိစ္စများ ဖြစ်လို့ပါလိမ့်?

အန်တီရွီက လူကိုဆဲတယ်၊ ကျန်းချင်ခိုင်က လာမတွေ့တာကြာပြီ၊ ရှဖေးက ဒဏ်ရာရသွားတယ်....

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now