အခန်း (၆)

4.5K 696 14
                                    


လောင်မား ပညာပြပြီးသည့်နောက် ကတိတည်တဲ့ ကျောင်းသားတစ်ဦးဖြစ်ရန် ဖုခွင်း ညစာ စားပြီးသည်နှင့် အခန်းထဲက စားပွဲမှာ မှောက်ခုံမှောက်လျက် အိမ်စာများကို လေးလေးနက်နက် လုပ်ဆောင်နေ သည်။ လောင်ပါးနှင့် လောင်မားကတော့ ဧည့်ခန်းထဲတွင် တီဗီကြည့်ရင်း စကားစမြည်ပြောနေကြသည်။

အမှန်တော့ အိမ်စာက အများကြီးတော့လည်းမဟုတ်ပေ။ စာကြောင်းတစ်ခုကို ကွတ်လပ်ဖြည့်ရတာမျိုး၊ တစ်ခုခုဖြေရန်အတွက် ကွတ်လပ်ဖြည့်ရတာမျိုး သို့မဟုတ် စာသားကူးရေးရခြင်းနှင့် ဂဏန်းသင်္ချာ လုပ်ဆောင်မှု လေးခုလောက်သာရှိသည်။ သူ ဘယ်လက်နဲ့ စာရေးနိုင်တယ်ဆိုပေမယ့်လဲ အသက်ကြီးလာတော့ အဆင်မပြေသလို ခံစားလာရတာကြောင့် အိမ်စာလုပ်ရတဲ့အပေါ်မှာ စိတ်ဝင်စားမှုက မရှိတော့ချေ။

ပုံမှန်ဆို ငါးခုလောက်အိမ်စာပေးရင် သုံးခုလောက်လုပ်တယ်ဆိုပေမယ့် လက်ဒဏ်ရာရပြီးသည့်နောက် ပိုင်း အရှင်းကို ဘာတစ်ခုမှ မလုပ်တော့ချေ။

ဖုရိကျယ်က အိမ်စာလုပ်တဲ့ စားပွဲဘေးမှာ ငြိမ်ငြိမ်လေး လဲနေပြီး လောင်မားက သူ့ကို တီဗီကြည့်ဖို့ရန် ပြောသော်လည်း မသွားဘဲ နေနေသည်။

ဖုခွင်းသည် တီဗီရှိုးက "The Legend of the Condor Heroes" ဖြစ်ပြီး မနေ့ကမှစပြီး "East Evil and West Poison" ကိုလည်း ပြသနေတာကြောင့် ကြည့်ချင်နေသည်။ သူ့စိတ်ထဲကဘယ်လိုပဲ မရိုးမရွဖြစ်နေပါစေ ကြည့်လို့ကလည်း မရပေ။ သို့သော် သူအံကြိတ်ပြီး စိတ်ထိန်းရသည်။ သူ လောင်မားကို အိမ်စာတွေ လုပ်ပါမယ်လို့ ကတိပေးထားတာဖြစ်ပြီး ပြီးသွားပြီလို့ပြောရင်တေင် လောင်မားက တီဗီကြည့်ခွင့် ပေးမည်မဟုတ်ပေ။

သို့သော်လည်း ဒီတီဗီဌာနက စိတ်တိုစရာကောင်းလွန်းလှသည်။ အမြဲတမ်း နောက်ဆုံးစာမေးပွဲ ဖြေတဲ့အချိန်ကြမှသာ ထုတ်လွင့်လေ့ရှိပြီး ပြန်လည် ထုတ်လွင့်နေတာ ဒါနဲ့ကောဆို သုံးခေါက်တောင် ရှိပြီဖြစ်ပြီး သူအကုန်ပြီးအောင် မကြည့်ရသေးချေ။

"ရိကျယ်" ဖုခွင်းက ဘောပင်ကို ချလိုက်ပြီး "တီဗီမကြည့်ဘူးလား"

"မကြည့်နဲ့တော့" ဖုရိကျယ်က လက်ပေါ်မေးတင်ကာ စားပွဲပေါ်တွင် လှဲနေပြီး ဖုခွင်းလုပ်သမျှကို လိုက်ကြည့်နေသည်။ ဖုခွင်း ဘယ်လောက်ရှည်ရှည်ရေးရေး ရေးသမျှကို သူက လိုက်ပြီးကြည့်နေသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now