အခန်း (၁၃)

3.8K 596 53
                                    

ဖုခွင်း အချိန်အတန်ကြာ စကားမပြောဘဲ ဖုရိကျယ်ကို စိုက်ကြည့်နေပြီး နည်းနည်းကြာတော့ ဖုရိကျယ်ကို ပြန်မေးလိုက်သည် "မင်းဘာပြောလိုက်တာလဲ"

"ငါတို့ နူတ်ခမ်းကို နမ်းရအောင်လို့" ဖုရိကျယ်က အသံတိုးတိုးနဲ့ ထပ်ပြီးပြောပြလိုက်ပြန်သည်။ သူ တစ်နေ့လည်လုံး ဒီကိစ္စကိုသာ စဉ်းစားနေခဲ့တာဖြစ်သည်။

နူတ်ခမ်းကို နမ်းတာက ဘယ်လိုအရသာရှိလိမ့်မလဲ?

"မင်းအခု ရူးသွားတာလား?" ဖုခွင်းက သူ့ကိုတွန်းလိုက်ပြီး "ယောက်ျားလေးနှစ်ယောက်နူတ်ခမ်းချင်း နမ်းတာ အရမ်းရွံ့စရာကောင်းတယ်...."

ဖုရိကျယ် အံအားသင့်သွားသည်။ ရွံ့စရာကောင်းတယ်?

သူ ဒါကို သေသေချာချာ မစဉ်းစားမိဘူး၊ ရှဖေးနဲ့ ကျန်းချင်ခိုင် နမ်းနေတာကို တွေ့တဲ့အချိန်တုန်းကလည်း သူ အရမ်းရွံစရာကောင်းတယ်လို့ မထင်မိဘူး၊ ယောက်ျားလေးနှစ်ယောက် နမ်းတာက ဒီလောက် ထူးဆန်းလို့လား?

ဒါပေမယ့် ဖုခွင်းက ရွံစရာကောင်းတယ်လို့ ပြောနေတယ်။

အဲ့လိုပြောလိုက်တဲ့အချိန် သူနည်းနည်းလေး ရှက်သွားသည်၊ သူ ဟိုဘက်ကို လှည့်လိုက်ပြီး ဖုခွင်းကို ကျောပေးလိုက်ကာ ခေါင်းအုံးစွပ်ကိုသာ ဖြည်းဖြည်းလေး ပွတ်သပ်နေသည်၊ ရွံစရာကောင်းလို့လား?

ဒါဆို တစ်ချိန်လုံး ဖုခွင်းရဲ့ မျက်နှာနဲ့ နဖူးကို နမ်းနေတဲ့အချိန်တုန်းကကော ဖုခွင်းကဘာလို့ ရွံစရာကောင်းတယ်လို့ မပြောရတာလဲ?

ဖုရိကျယ်က ကိုယ်ကိုဟိုဘက်ကိုလှည့်လိုက်တော့ လူနှစ်ယောက်ကြားက စောင်က နည်းနည်းလေးလွတ်သွားသည်၊ ဖုခွင်းက လေအေးတွေအထဲကိုဝင်လာတာကို ခံစားမိသော်လည်း ဖုရိကျယ် ပြန်လှည့်လာမှာကို အချိန်အတန်ကြာစောင့်လိုက်ပြီး ဖုရိကျယ် ပြန်မလှည့်လာတော့မှ သူ ကိုယ်ဖာသာကိုယ် နည်းနည်းစီ အဲ့ဒီဘက်ကို တိုးမှီသွားလိုက်သည်။

ဒါပေမယ့် ဖုရိကျယ်က မြန်မြန်ကြီး ဟိုဘက်ကို ထပ်တိုးသွားပြန်သည်။

"ဘာလုပ်တာလဲ၊ အောက်ပြုတ်ကျတော့မယ်" ဖုခွင်းက သူ့ကို လှမ်းပုတ်ရင်းပြောလိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now