အခန်း ၃၇

2.5K 436 7
                                    

အခန်း ၃၇

ဖုခွင်းမနက်အိပ်ယာထတော့ ဖုရိကျယ် ကုတင်ပေါ်မှာ မရှိတော့ဘူး တျိုးတျိုးကိုခေါ်ပြီး ပြေးဖို့ရာ ထွက်သွားပြီဖြစ်သည်။

ဒါပေမယ့် ဒီနေ့ သူအပြေးလေ့ကျင့်တဲ့အချိန်က တော်တော်လေးကြာတယ်၊ ဖုခွင်း မနက်စာစားတာ တစ်ဝက်ကျိုးခါနီးမှ သူက အခန်းတံခါးဖွင့်ပြီး ဝင်လာသည်၊ တျိုးတျိုးက သူ့လည်ပတ်ကို သူ့ဖာသူကိုက်သယ်လာကာ ဝင်လာခဲ့ပြီး ဧည့်ခန်းတစ်လျှောက် အေးမယ့်နေရာကို ရှာနေရင်း ဖုခွင်း ခြေထောက်ကိုအပေါ်တင်ကာ ထိုင်နေတာတွေ့တော့ ပျော်ပျော်ကြီး တအုအု အသံပေးပြီး ဖုခွင်း ခြေထောက်အောက်နားတွင် လာထိုင်နေသည်

ဖုခွင်း ဖုရိကျယ်ကို ကြည့်လိုက်တော့ ဖုရိကျယ်က အရမ်းကိုတည်ငြိမ်နေတယ်၊ ပုံမှန်အတိုင်းပဲ ဘာမှ မကွာခြားနေဘူး၊ ဖုခွင်း သူ့သဘောထားက ဘယ်လိုလဲဆိုတာ ကွဲကွဲပြားပြားမသိရသေးဘူး၊ မနေ့ကလည်း စကားပြောနေရင်းနဲ့ သူအိပ်ပျော်သွားတာထင်တယ်.....

နှစ်ယောက်သား ကျောင်းအဆောက်အအုံအောက်ကို ရောက်တော့ ဖုခွင်းဒီနေ့အတန်းပဲတက်ရမှာလိုလို ဈေးဆိုင်ပဲသွားရမှာလိုလို ဖြစ်နေသည်၊ ပုံမှန်ဆို သူက ဖုရိကျယ်နဲ့အတူ ကျောင်းထဲကိုဝင်ပြီးမှ ကျောင်းအနောက်ဘက်ကနေ အပြင်ပြန်ထွက်ကာ စက်ဘီးကိုယူပြီး စွန်းဝေတို့အိမ်ကို သွားလိုက်တာဖြစ်သည်

ဒီနေ့သူ စက်ဘီးထားတဲ့နေရာမှာ စက်ဘီးရပ်ပြီးတဲ့အထိ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး

ဖုရိကျယ်က ဘေးကနေပြီး သူစက်ဘီးသော့ခတ်တာကို ကြည့်နေပြီး တော်တော်လေး ကြာတော့မှ "မင်းဈေးဆိုင်ရောင်းတာကို ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် အထက်တန်းစာမေးပွဲကိုတော့ အနှောင့်အယှက်မဖြစ်ရဘူး"

"အမ်?" ဖုခွင်း ထိုအချိန်က ဖုရိကျယ် ပြောစကားကို နားမလည်ဘူးဖြစ်သွားသည်

"ငါပြောချင်တာက မင်းကိုယ့်ဘာသာကိုယ် ကောင်းကောင်း ညှိနှိုင်းပြီးလုပ်ပေါ့" ဖုရိကျယ်က မျက်မှောင်ကြုတ်လိုက်ပြီး "ကော၊ စာမေးပွဲကို မင်းကောင်းကောင်းဖြေရမယ်၊ အောင်မအောင်ဆိုတာက စောလွန်းသေးတယ်၊ တကယ်လို့ နောက်ဆုံး ဒီနှစ်တစ်နှစ်ပဲပြီးတော့မှာကို မင်းလက်လျှော့လိုက်ရင် တကယ့်ကို သနားစရာကောင်းသွားပြီ"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now