အခန်း ၆၃

2.4K 421 13
                                    

အခန်း ၆၃

ဖုခွင်း မျက်လုံးထဲတွင် ဖုရိကျယ်သည် ကလေးသာရှိသေးပြီး ဖုရိကျယ်  ၏ "လျှို့ဝှက်ချက်" ကို သိရှိပြီးသည့်တိုင်အောင် ဒီညီလေးက ကြီးပြင်းလာသလို ရုတ်တရက် ခံစားရသည်။

  သူဘယ်တော့မှ မစိုးရိမ်မိ မတွေးမိတဲ့ ကိစ္စတစ်ချို့က ကြီးပြင်းလာတဲ့ ဖုရိကျယ်ဆီမှာ သူ မခံစားမိတဲ့ အတောအတွင်း တိတ်တဆိတ် ဖြစ်ပျက်လာသည်။

ဒါသူ ဖုရိကျယ်ကို ပထမဆုံးအကြိမ် အရက်သောက်ဖို့ ခေါ်တာဆိုတော့ စွန်း​ဝေနဲ့ တခြားသူငယ်ချင်းတွေကိုအတူ သောက်ဖို့ခေါ်တာနဲ့ မတူဘူး၊သူ သန့်ရှင်းတဲ့ဆိုင်ကိုရှာ​ပြီး သိုးသားစွပ်ပြုတ်စားကာ စကားစမြည်ပြောလိုက် အရက်သောက်လိုက် လုပ်ချင်သည်။

စားပွဲမှာထိုင်ပြီး ဖုရိကျယ်  ရဲ့ဖန်ခွက်ထဲကို အရက်ထည့်​ပေးပြီး ဖုခွင်း  သူ့​ရှေ့မှာထိုင်နေတဲ့ ဖုရိကျယ်  ကို တစ်ချက်ကြည့်လိုက်သည်။ ဖုရိကျယ်က စာပွဲထိုးကို သေတ္တာဘူးခွံတစ်ခုလောက် ရနိုင်မလားလို့မေးပြီး ထိုဘူးခွံထဲကို ခွေးပေါက်လေးအား ထည့်ထားလိုက်ပြီး ထိုအကောင်ပေါက်လေးကို ရှေ့က နည်းနည်း နွေးတဲ့နေရာမှာ ချထားလိုက်သည်။

ဖုရိကျယ် ဒီလိုလုပ်နေတာမြင်တော့ ဖုခွင်းက သူ့ကို တျိုးတျိုး နဲ့ မြေပြင်ပေါ်မှာထိုင်ပြီး ငိုနေတဲ့ကလေးပဲလို့  ထင်မိ​ပြန်သည်။

ရုတ်တရက်ကြီး ကြီး​ပြင်းလာတာလား။  သူ့အတွက်ကောပါ အရက်ထည့်လိုက်ရင်း ဘယ်တုန်းက ဒီလောက် ကြီးလာတာလဲ။

ကိုယ်တိုင်တကယ်မသိတာလား ဒါမှမဟုတ် အဲဒါကို မစဉ်းစားချင်တာလား။

"​နောက်ရက်နည်းနည်းကြာရင် ငါကျောင်းပြန်သွားရ​တော့မယ်" ဖုရိကျယ်က  သူ့ဘေးက ထိုင်ခုံပေါ် သေတ္တာကို တင်လိုက်ပြီး ခွေးလေးရဲ့ ခေါင်းကို လှမ်းကိုင်လိုက်ကာ "အိပ်ဆောင်ကို ယူသွားလို့မရဘူး၊ အိမ်မှာ ထားခဲ့ရင် ဘယ်သူ ထိန်းပေးမှာလဲ"

"ငါလုပ်​ပေးမယ်" ဖုခွင်းက ခွက်ကို ကောက်ယူလိုက်ပြီး "မားလည်း ကျွေး​မွေးမှာပါ၊ သူ ခွေးတွေကို သဘောကျတယ်"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now