အခန်း (၉)

3.7K 664 44
                                    

ဘက်စ်ကား ကုမ္ပဏီ၏အဆောင်များထဲတွင် သက်တမ်းအရင့်ဆုံး တိုက်ခန်းများက ဒီဘက်တွင် ရှိပြီး နေထိုင်သူများအားလုံးသည် လုပ်သက်ကြာသောသူများ၊ ခန္ဓာကိုယ် ထိခိုက်ထားသူများ၊ အလုပ်သမား အာမခံကြေးခံစားနေရသူများ ဖြစ်ကြသည်။ ဖုခွင်းတို့အိမ်တောင် ဘယ်နှစ်နှစ်လောက် နေရင်အဲ့ဒီမှာ နေရမလဲမသိ။

လောင်မားပြောတာတော့ ပတ်ဝန်းကျင်က လူတစ်ယောက်ကို လွှမ်းမိုးနိုင်တယ်တဲ့။ တိုက်ခန်းတွဲထဲမှာ ကလေး အနည်းငယ်ရှိပြီး အားလုံးက ဂဏန်းသင်္ချာက ဘာဆိုတာတောင် မသိကြဘူး။ အသက်နည်းနည်းကြီးတဲ့ တစ်ဆယ်ကျော် နှစ်ဆယ်အရွယ်တွေကလည်း မိဘတွေရဲ့ အလုပ်ထဲ ဝင်လုပ်ရင်လုပ် မဟုတ်ရင်လည်း အပြင်ထွက်ပြီးနေရင် နေနေကြသည်။

ရှဖေးတစ်ယောက်သာ အလားအလာအရှိဆုံးဖြစ်ပြီး ဒါပေမယ့် သူရဲ့ ကျန်းမာရေးကလည်း ဒီလိုပုံစံဖြစ်နေသည်။ စာဖက်ပြီး အတွေးအခေါ်က အားကောင်းသော်လည်း အိမ်ထဲမှာသာနေပြီး ရောဂါထလာမှာ စောင့်နေရသည်။

အငယ်တွေ တော်တော်များများကလည်း ဖုခွင်းလိုသာဖြစ်ကြပြီး ကြည့်လိုက်သည်နှင့် စာဖတ်ချင်တဲ့ပုံ ပေါ်မနေချေ။

ဖုခွင်းက လိမ္မာတဲ့ကလေးတစ်ဦးမဟုတ်သော်လည်း ပုံမှန်ဆိုရင်တောင် သူက အဆောက်အဦးထဲက တခြားကလေးများနှင့် သွားပြီးဆော့လေ့မရှိချေ။ သူတို့က ခွေးတွေကိုစလိုက် ကြောင်တွေကို စလိုက်နှင့်သာ လုပ်နေတာလို့ သူထင်တာကြောင့် စိတ်မဝင်စားချေ။

အထူးသဖြင့် ဒီကလေးတွေရဲ့ အဖွဲ့ခေါင်းဆောင်က လော်ချီဖြစ်ပြီး လီတာ့မား၏ မြေးလည်းဖြစ်သည်။ မဲမဲ ဝဝကြီးဖြစ်ပြီး အရပ်ကလည်း ဖုခွင်းထက် ခေါင်းတစ်ဝက်လောက်ထိတောင် မြင့်သေးသည်။ ဖုခွင်း သူနဲ့ တစ်ခါမှ ဆက်ဆံဖူးသော်လည်း စိတ်ထဲကနေတော့ သူကို ဝက်ဝံငတုံးကြီးလို့ နာမည်ပေးထားပြီး ဒီတစ်​ယောက်ရယ် ဝမ်ကျစ်ချန်းရယ်ကို သူ အတော် မုန်းသည်။

ဝက်ဝံငတုံးကြီးက ပုံမှန်ဆို ကျောင်းဆင်းပြီးသည်နှင့် အဆောက်အအုံအတွင်းရှိကလေးများနှင့်အတူ ခြံဝန်းအတွင်း ပြေးလွှားဆော့ကစားလေ့ရှိသည်။ ဒီနေ့တော့ ဒီအုပ်စုထဲမှာ ပြေးလွှားနေရတာက ပျော်စရာ ရှာမတွေ့သလိုဖြစ်ပြီး စိတ်ဝင်စားစရာမကောင်းသလို ဖြစ်နေသည်။ ရုတ်တရပ် အဆောက်အအုံ အနောက်ဖက် ကနေ‌ ခွေးဟောင်သံကို ကြားလိုက်ရသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now