အခန်း ၃၆

2.4K 472 8
                                    

အခန်း ၃၆

ဖုခွင်း အသံကိုကြားလိုက်တာနဲ့ လန့်သွားပြီး တဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်၊ "ရိကျယ်အာ" သူ ရုတ်တရပ်ကြီး ဖုရိကျယ်ရဲ့အရပ်က တော်တော်မြင့်လာတာကို တွေ့ရှိသွားပြီး သူဖုရိကျယ်ကို မော့ကြည့်တဲ့အခါ ဖိအားများကိုတောင် ခံစားလိုက်ရသလိုပင်၊ ဒါမှမဟုတ် ဖုရိကျယ်က ရုတ်တရပ်ကြီး ပေါ်လာလို့ ထိတ်လန့်သွားတာများလား

ဖုရိကျယ် ဘာမှမပြောရသေးခင် ဖုခွင်းက ထရပ်လိုက်ပြီး နည်းနည်း ရှက်ရွံ့နေသလို ပြုံးပြလာသည် "မင်းဒီကို ဘယ်လိုရောက်လာတာလဲ?'

"ရိကျယ်အာ" စွန်းဝေလည်း ဘေးနားကနေ ဒီလိုအမှုအယာတွေမြင်လိုက်ရတော့ စိုးရိမ်တကြီး ထရပ်လိုက်ပြီး "ပူလား? ရေနည်းနည်း သောက်အုန်းမလား?"

"မင်းလာခဲ့" ဖုရိကျယ်က စွန်းဝေကို ဂရုမစိုက်ဘဲ ဖုခွင်းကိုလက်ညိုးထိုးကာ လှည့်ထွက်သွားသည်

"စောင့်အုန်း" ဖုခွင်း ကြောင်အနေပြီးမှ သတိရသွားသလို စွန်းဝေဖက်ကို လှည့်ပြီး "မင်းငါ့ကိုကူကြည့်......"

"ငါမင်းကိုလာခိုင်းနေတယ်" ဖုရိကျယ်က‌ နောက်ပြန်လျှောက်လာပြီး သူ့ကိုလက်မောင်းကနေ ဆွဲ၍ခေါ်သွားသည်။

ဖုခွင်း နောက်ကနေ ဒရွက်တိုက်ဆွဲခံလာပြီး ခြေလှမ်းတော်တော်လေး လှမ်းပြီးမှ "မဆွဲနဲ့၊ မဆွဲနဲ့ တော့၊ ငါက မလာဘဲနေမှာ မို့လို့လား"

ဖုရိကျယ်အသံမထွက်လာဘဲ ရှေ့ကိုသာဆက်လျှောက်သွားသည်၊ ဖုခွင်းလည်း သူ့နောက်နေ လိုက်သွားလိုက်ရပြီး ဘယ်ကိုသွားလို့သွားနေမှန်းလည်း မသိရချေ၊ ဘာပြောလို့ပြောရမှန်း မသိတာနဲ့သူတိတ်တိတ်လေးသာ လိုက်သွားလိုက်သည်

ဖုရိကျယ်က ညဈေးတစ်ခုလုံးကို ဖြတ်လျှောက်သွားပြီး ဘေးနားက ကောလိပ်ရဲ့ အုတ်တံတိုင်းနား ရောက်တော့မှ ရပ်တန့်သွားသည်

ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူး၊ လမ်းမီးတိုင်တွေကိုလည်း ဘေးနားကသစ်ပင်က အရွက်တွေက ပိတ်ဆို့ထားတာမို့ အဝါဖျော့ရောင် အစက်အပြောက်များသာ မြင်နေရသည်၊ ဖုခွင်း ဖုရိကျယ်ရဲ့မျက်နှာကို လှမ်းကြည့်လိုက်တော့ ဘာအမှုအရာမှ မမြင်ရဘူး၊ ဒါကသူ့ကို ဒေါသထွက်နေတာထက်ပို စိုးရိမ်စေတယ်

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now