အခန်း ၈၄

7.1K 548 53
                                    


အခန်း ၈၄

ဖုရိကျယ်က ရှဖေးဆီကို သွားလည်ချင်တယ်လို့ ရုတ်တရက်ပြောလိုက်တာကို ဖုခွင်း အံ့သြမိပေမယ့် သူ သိပ်တော့လည်း မအံ့သြလှဘူး။ ရှဖေးက ဖုရိကျယ်အတွက် တခြားလူတွေထက် ပိုလေးနက်တဲ့ အဓိပ္ပါယ်ရှိတာမို့ ဖြစ်သင့်ပါတယ်။ ရှ​ဖေး ထွက်သွားတဲ့နေ့က ဖုရိကျယ် လဲကျသွားတာကိုသာ သူ သိလိုက်ပေမယ့် အဲ့ဒီ အချိန်က သူ ဖုရိကျယ်ရဲ့ နှလုံးသားလျှို့ဝှက်ချက်ကို မသိ​​သေးဘူး။

ကိစ္စများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ဖုရိကျယ် ရှဖေး ကို ရုတ်တရက်တွေ့လိုခြင်းမှာ အံ့သြစရာ​တော့မဟုတ်ပေ။

"ကားနဲ့သွားမယ်" ဖုခွင်းက ကားတံခါးကိုဖွင့်ပြီး ကားပေါ်တက်ဖို့ ပြင်လိုက်သည်။

"တက္ကစီစီးရအောင်" ဖုရိကျယ်က ကားတံခါးကို ဖိပြီး "မင်း အရက်သောက်ထားပြီးပြီ"

"ဒီအချိန်ကြီး မင်း ဘယ်က တက္ကစီကိုစီးမှာလဲ။ ကားက မင်းကို သုသာန်ကို ခေါ်သွားနိုင်ရင်တောင် မင်းပြန်လာတဲ့အချိန် ကားမရှိ​တော့ဘူး၊ အဲဒီ့ကိုသွားတဲ့နောက်ဆုံးဘတ်စ်ကားက ည ၈ နာရီဆို ပြီးပြီ။" ဖုခွင်းက ခေါင်းညိတ်​ပြပြီး ကားပေါ်တက်ကာ "ငါ ဖြည်းဖြည်းပဲ မောင်းမယ်"

ဖုရိကျယ်က မတ်တပ်ရပ်နေကာ သူ မနက်ဖြန်မှပဲ သွားလို့ရတယ်၊ ညနက်​ကြီး သွားနေစရာမလိုဘူး၊ ဒါပေမယ့် သူ့စိတ်ထဲက ပြင်းထန်တဲ့ခံစားချက်ကို ထိန်းမထားနိုင်ခဲ့ဘူး။

ရှဖေးက သူ့အတွက် အိမ်နီးနားချင်း နူးညံ့သိမ်မွေ့တဲ့အစ်ကို​၊ သူရဲ့ လျှို့ဝှက်ချက်များကို မျှ​ဝေလို့ရတဲ့သူ၊ကိစ္စများစွာကို သူဘာလုပ်သင့်သည်ကို ပြောပြသူ​​ဖြစ်ရုံသာမက၊ ရှဖေးနဲ့ ကျန်းချင်ခိုင်တို့ နမ်းနေတာကို သူ ပထမဆုံးမြင်ဖူးတဲ့အချိန်ကစပြီး အခုဆို ဆယ်နှစ်ကျော်သွားပြီ။ဒီဆယ်နှစ်အတွင်းမှာ သူ့စိတ်ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှု၊ စိတ်ဓာတ်ကျမှု၊ နာကျင်မှု၊ ပေါက်ကွဲထွက်မှု၊ ပြောင်းလဲမှုတွေတိုင်းမှာ ရှဖေးရဲ့ ပုံရိပ်​တွေရှိတယ်။

သူမြင်ခဲ့ရတဲ့ မျှော်လင့်ချက်နဲ့ သူခံစားရတဲ့ စိတ်ပျက်အားငယ်မှုအားလုံးကို ရှဖေးက ပေးခဲ့ပါတာပင်။

You've reached the end of published parts.

⏰ Last updated: Dec 18, 2023 ⏰

Add this story to your Library to get notified about new parts!

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now