အခန်း ၇၇

2.4K 470 67
                                    

အခန်း ၇၇

ဖုန်းထဲက မထွက်လာတဲ့အသံက ဖုရိကျယ် နားထဲမှာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေသည်။သူ ဧည့်ခန်းထဲမှာ ရပ်​နေပြီး ဖုန်းလက်ကိုင်ကိုသာ ကိုင်ထားသည်။

"ကော?" ဖုန်းကို ဝင်နေတာမို့ မထွက်လာတဲ့အသံထဲတွင် ဖုခွင်း အသံကို မသိစိတ်က ကြိုးစားရှာဖွေကာ "မင်းပြောပါအုန်း....."

မတုံ့ပြန်ခဲ့။

ဖုရိကျယ် ဖြည်းညှင်းစွာ ဆိုဖာကို မှီရင်း ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ဖုန်းလက်ကိုင်ကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။သူ ဖုန်းချလိုက်ရင် ဖုန်းချသွားလိုက်ရင် ဖုခွင်းရဲ့ နောက်ဆုံး အငွေ့အသက်တွေကို ဆုံးရှုံးလိုက်ရလိမ့်မယ်။

အပြင်ဘက် ကော်ရိတ်တာကနေ အသံတစ်ချို့ထွက်လာပြီး ဖုရိကျယ်လည်း သူ့အသိစိတ်ပြန်ဝင်လာကာ ဖက်ထုပ်က တစ်ချိန်ထဲတွင် ​ကော်ရိတ်တာဘက်ထဲသို့ ပြေးသွားသည်ကို သူ တွေ့လိုက်သည်။

သူ လျင်မြန်စွာ ထထိုင်လိုက်ပြီး ဖုန်းလက်ကိုင်ကို ​ပြန်တင်ကာ ခြေဗလာဖြင့် ထွက်ပြေးသွားတာကြောင့် ကြမ်းပြင်ပေါ် လဲလုနီးပါး ဖြစ်သွားသည်။

"မင်းမား ပြန်မလာသေးဘူးလား" လောင်ပါးက ခေါက်ဆွဲတစ်ထုပ်ကို လှမ်း​ပေးလိုက်သည်။

"မလာ​သေးဘူး" ဖုရိကျယ်က ခေါက်ဆွဲထုပ်ယူဖို့ ပြေးလာပြီး စိတ်မလုံမလဲနှင့် မီးဖိုခန်းထဲဝင်သွားသည်။ ခေါက်ဆွဲကို ထားပြီးတာ​တောင် သူအပြင်မထွက်ရဲ​သေးဘူး။ ခဏရပ်ပြီး လှည့်ကြည့်လိုက်တော့ လောင်ပါးက မီးဖိုချောင်တံခါးအပြင်ဘက်မှာ ရပ်နေတာမို့ သူ ချက်ခြင်းဆိုသလို စိတ်ကူးပေါက်သလို အိုးကိုယူဖို့ ပြန်လှည့်လိုက်ပြီး "သား ထမင်းချက်ထားလိုက်မယ်၊ မားက ဒီနှစ်ရက်လုံး ထမင်းစားချင်တယ်ပြောနေတာ"

"အင်း" ​လောင်ပါးကပြန်ဖြေပြီး အိပ်ခန်းဆီသို့ လှမ်းကာ လျှောက်သွားသည်။ အခန်းထဲသို့ ဝင်သွားတော့ပြီးနောက် ဖုရိကျယ် သက်ပြင်းရှည်ကြီးကို ကြားလိုက်ရသည်။

ထိုနေ့မှ နှစ်သစ်ကူးအကြိုနေ့အထိ ဖုန်းခေါ်တိုင်း ဖုခွင်းက အိမ်က ကြိုးဖုန်းကို ဘယ်တော့မှ မခေါ်တော့ဘဲ ဖုရိကျယ် အဲ့ဒီနေ့က သူ လက်ခံရရှိတဲ့ ခေါ်ဆိုမှုက အံ့ဩဖွယ်ရာပဲလား ဒါမှမဟုတ် မှားယွင်းတဲ့ခေါ်ဆိုမှုတစ်ခုပဲလားလို့တောင် စတင်ခံစားလာခဲ့ရသည်။ ဖုခွင်းက ပျောက်ကွယ်သွားကတည်းက ပြန်မပေါ်လာ​တော့ဘူး။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now