အခန်း (၁၄)

3.4K 567 21
                                    

သူမရဲ့ နှင်းကဲ့သို့ ဖြူဖွေးသော ခန္ဓာကိုယ်သည် အင်္ကျီအောက်မှ ပေါ်လာသည်......

ဖုခွင်း ဒီစကားလုံးတွေကို မြင်လိုက်တာနဲ့ စွန်းဝေ သူ့ကိုပေးလိုက်တဲ့စာအုပ်က ဘယ်လိုစာအုပ်မျိုးလဲဆိုတာ ချက်ချင်း နားလည်သွားသည်၊ သူ စွန်းဝေဆိုတဲ့ ဒီကလေးကို ဒီလိုစာအုပ်တွေ မဖတ်သင့်ဘူးဆိုတဲ့အကြောင်း အလေးအနက်ကို ပြန်ရှင်းပြစဉ်

"ဖတ်မှာလား မဖတ်ဘူးလား? မဖတ်ရင် ငါ့ကိုပြန်ပေး" စွန်းဝေက သူ့မေးခွန်းကို ပြန်မဖြေဘဲ လက်ထဲက စာအုပ်ကို ဆွဲယူလိုက်သည်။

"အတူတူ ဖတ်ကြည့်ရအောင်ပါ" ဖုခွင်းက စာအုပ်ကို သူ့အင်္ကျီအတွင်း အိတ်ကပ်ထဲကို အမြန်ထိုးထည့်လိုက်သည်။

စွန်းဝေက အတန်ကြာ ညစ်ကျယ်ကျယ်ရယ်လိုက်ပြီး "ဒီအတောတွင်း မင်း ကျန်းခယ်ရှင်းကို လျစ်လျူရှုသလိုဖြစ်နေတာ ဘာလို့လဲဆို မင်း မဖတ်ထားလို့လေ"

"စာမေးပွဲကြောင့် မဟုတ်ဘူးလား" ဖုခွင်းက ရယ်ရင်း‌ ပြန်ပြောသည်။

ဒီလိုစာအုပ်မျိုးတွေက ကြည့်လိုက်ရင် ကိုယ်ခံပညာနဲ့ ရိုမန်တစ်ဆန်တဲ့စာပေလို့ထင်ရသော်လည်း အထဲမှာ မသင့်တော်တဲ့ အကြောင်းအရာတွေ အများကြီးပါတဲ့ စာအုပ်မျိုးဖြစ်သည်၊ စာအုပ်အငှားဆိုင်တွေမှာ တောင် မနည်းဘူးရှိပြီး အားလုံးကို အတွင်းထောင့်အစွန်းဆုံးနေရာတွေ ထားလေ့ရှိသည်၊ ပျက်စီးမှုအများဆုံးက အဲဒီလိုစာအုပ်မျိုးဖြစ်သည့်အပြင် ပျောက်ဆုံးမှုနှုန်းကလည်း တော်တော် မြင့်သည်။

ဒါပေမယ့် ဖုခွင်းတလျှောက်လုံး အဲ့လိုစာအုပ်တွေ မဖတ်ဖူးဘူး၊ သူက စာလုံးတွေ မြင်တာနဲ့ ပျင်းလာပြီး လောင်မားကလည်း အလွန် စည်းကမ်းတင်းကျပ်သည်၊ ဒီလိုစာအုပ်မျိုးကို သူဖတ်ဖို့များ သတ္တိရှိကြည့်ပါလား လောင်မား သူ့ကို ဖောက်ခွဲရေးပစ္စည်းတွေ ယူသွားပြီး အဲ့ဒီစာအုပ်ဆိုင်ကို ဖောက်ခွဲပစ်ဖို့ အမိန့်ပေးလိမ့်မယ်။

သူ ပုံမှန်ဆိုရင်တောင် ခေတ်စားနေတဲ့ ကာတွန်းစာအုပ်တွေကို ခိုးဖတ်ရတာဖြစ်ပြီး သူ့မှာ ကာတွန်းစာအုပ်တွေ အများကြီးရှိပေမယ့် လောင်မားက အဲ့ဒါကို သတိမထားမိဘူး။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now