အခန်း (၅)

4.7K 795 24
                                    


ဝမ်ကျစ်ချန်ရဲ့အဖွဲ့သည် နှစ်လမ်းလောက်ကျော်သွားပြီးသည့်နောက် တဖြည်းဖြည်းနှင့် ဖုခွင်းတို့ကို မှီလာလေသည်။

စွန်းဝေ၏နဖူးတွင် ချွေးများပင် ထွက်လာသည်။ ဖုခွင်းက စက်ဘီးကို ကစားသလိုမျိုး ကိုယ့်လက်နဲ့ကိုယ် ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်ပြီး နေရာအနေထားကိုပါ တွက်ချက်နိုင်သည်။ အခုချိန်လို လမ်းပေါ်မှာ ရေခဲလွှာပါးပါးကလည်း ရှိနေပြီး စက်ဘီးကလည်း စီးတာ အရမ်းမြန်နေရင်တောင် ကြောက်စရာမလိုပေ။ သို့သော် ဒီနေ့ကတော့မတူပေ ဖုခွင်းက သူ့ရဲ့ဘယ်ဘက်လက်ဖြင့် စက်ဘီးဘားတန်းကို ထိန်းကိုင်ထားရပြီး သုံးလို့ကလည်း ကောင်းကောင်းအဆင်မပြေဖြစ်တာကြောင့် ဝမ်ကျစ်ချန်နဲ့သူ့လူတွေဆီ အဖမ်းခံရဖို့က အရမ်းကြီး မလိုတော့သလိုတောင် ခံစားနေရသည်.။

"ခွင်းလေး" စွန်းဝေက ခေါင်းလှည့်ကာ ကြည့်လိုက်ပြီး စက်ဘီးကိုယ်စီနဲ့ လူသုံးလေးယောက်လောက်က သူတို့ကို မှီလာတော့မည်ကို တွေ့လိုက်သောအခါ "ငါဆင်းလိုက်ရမလား၊ မင်းဒီပုံအတိုင်းဆို အရမ်းနှေးနေမှာ၊ မင်းတို့ တိုက်ခန်းဆီကိုတောင် ရောက်မှာမဟုတ်ဘူး....."

"ရူးကြောင်ကြောင်တွေ ပြောမနေနဲ့" ဖုခွင်းက စက်ဘီးကိုနင်းရင်း ခေါင်းငုံ့ကာ "မင်း ဂေါ်လီတွေ သယ်လာသေးလား"

"သယ်လာတယ်လေ၊ ဘာလို့လဲ?" စွန်းဝေက ကျောင်းလွယ်အိတ်ထဲ လက်နှိုက်လိုက်ပြီး ဂေါ်လီတစ်အိတ်ကို ထုတ်ယူလာသည်။

"ဖြန်းလိုက်" ဖုခွင်းက ပြောလိုက်သည်။

"ဘာ....." စွန်းဝေက ပြန်အော်ပြောလိုက်သည်။ သူ့အတွက် ဒီဂေါ်လီတွေ နိုင်ဖို့က သိပ်မလွယ်ကူပေမယ့် လည်း ဖုခွင်းပြောလိုက်တဲ့ စကားရဲ့ဆိုလိုရင်းကိုတော့ သူ နားလည်လိုက်သည် "အားလုံးကိုဖြန်း?"

"အားလုံးကို ဖြန်းလိုက်ပြီ၊ အရှုံးမပေးနဲ့တော့၊ ငါ့ဟာတွေအားလုံး မင်းအတွက်​ဖြန်းပေးလိုက်ရတာ"

"မင်းပြောစရာ မလိုဘူး၊ ငါနိုင်အောင်လုပ်နိင်တယ်" စွန်းဝေက မဆိုင်းမတွပင် ဂေါ်လီအိတ်ကို ထုတ်ယူလိုက် ပြီး နောက်ကိုလှည့်ကြည့်လိုက်ကာ သူတို့နှင့် အနီးဆုံးတွင် ရောက်နေသော ကျန်းရိဝေ ဆီကို လွှင့်ပစ်လိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now