အခန်း ၆၂

2.3K 412 16
                                    

အခန်း ၆၂

ကျန်းဆုန်းနဲ့ဖုန်းပြောတာ ဖုန်းချပြီးနောက် ဖုရိကျယ်  ကုလားထိုင်ပေါ်ပြန်လှဲကာ ခေါင်းကို နောက်သို့လှန်ပြီး မျက်နှာကျက်ပေါ်ရှိ မီးအိမ်ကို စိုက်ကြည့်နေသည်။

မီးအိမ်ကို ဘယ်တုန်းက လဲလိုက်တာပါလိမ့်။ အရင်မီးအိမ်က အရမ်းရိုးရှင်းတဲ့ လေးထောင့်မီးအိမ်လေး။ ဖုခွင်းက အဖြူရောင်မီးလုံးနဲ့ ဘယ်အချိန်က အစားထိုးဘိုက်လဲတော့ မသိ။ အချိန်အတော်ကြာအောင် ​ကြည့်ပြီးနောက် ထသွားပြီး ကိုက်စားကြည့်ချင်လာသည်။

     ချစ်သူများနေ့။

ဖုရိကျယ်  ငြိမ်သက်ပြီး အဲဒီအကြောင်းကို တွေးပြီးတဲ့အခါမှာတော့ Valentine's Day မှာ  အပြင်ထွက်ဖို့ချိန်းမယ့် အစီအစဉ်ကို တုံ့ဆိုင်းသွားသည်။

ဖုခွင်းကိုသူ ကတိပေးထားတယ်။ ထိန်းချုပ်ထားပါ့မယ်လို့။

ယခုလက်ရှိ  သူက  သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ဖုခွင်းရဲ့ အတွေးကို အမြဲလိုလို နားမလည်နိုင်ဘူး။

ဖုခွင်း  ဘာတွေတွေးနေတာလဲ။

ဘာပဲဖြစ်ဖြစ် ဖုခွင်းရဲ့ သူ့အပေါ် တုံ့ပြန်မှုတွေဟာ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုသက်သက်သာဖြစ်ကြောင်း သူ မယုံကြည်နိုင်ဘဲ၊ တခြားအတွေးနည်းနည်းများပါနေမလားလို့ သူသိချင်​လှသည်။

ဒါပေမယ့်... သူသိသွားရင် ဘာဖြစ်မလဲ။

ဖုခွင်းက သူ့ နှလုံးသားထဲတွင် ဘာတွေတွေးနေသည် ကို သိသည်​ဖြစ်​​စေ၊ သူ မည်သို့ပင် တွေးနေပါစေ သူ့ သဘောထားက အလွန် ရှင်းလင်းနေပြီ ဖြစ်သည် ၊ သူ သိလျှင်တောင် ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်​ပေ။

တစ်နေ့မှာ သူဝန်ခံပြီး ဖုခွင်းကို ဖွင့်ပြောရရင်တောင် ဖုခွင်းက ဒီလိုပဲ ပြန်ဖြေနေမယ်ဆို ဘယ်လိုလုပ်မလဲ။

သူ ရုတ်တရက် အနည်းငယ် ငြီးငွေ့လာသည်။

ဖုရိကျယ်  မတ်တပ်ထရပ်လိုက်သည်။ ဒီအရာတွေကို သူဘယ်လောက်ပဲတွေးနေ​နေ၊ အဲဒါတွေကို ဘယ်လောက်ပဲတွေးနေပါစေ သူ့မှာ အဖြေမရှိဘူး၊ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်ဖို့ကလွဲလို့ ဘာကိုမှ ပြောင်းလဲနိုင်စွမ်းမရှိတော့ဘူး။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now