အခန်း ၆၅

3K 420 17
                                    

အခန်း ၆၅

ဖုခွင်း စွန်းဝေနဲ့  ရက်အတော်ကြာ အရက်သောက်ရန် အတူအ​ဖော်လုပ်​ပေး​နေရ​သဖြင့် သူ စွန်းဝေကို  မြင်တာနဲ့ ပုန်းသာ​နေချင်​တော့သည်။

ဒီကလေးက တောင်ပိုင်းကိုသွားပြီးတဲ့နောက် အရင်ကထက် နည်းနည်းသောက်တာ ပိုကောင်းလာပေမယ့် အရမ်းသောက်တဲ့အခါ အရင်လို အကျင့်ကရှိတုန်းပဲ၊အရင်လို ခြေထောက်တွေကို မဖက်​တော့ပေမယ့်  ခါးကို ဖက်ထားပြီး ခွင်းလေး ကော ခက်ခဲနေတယ်၊ ကောဘဝက မလွယ်ဘူး !

"ဟုတ်တယ် မလွယ်ဘူး" ဖုခွင်းက သူ့ခါးကို တင်းတင်းဖတ်ထားတဲ့ စွန်း​ဝေလက်ကို ဆွဲထုတ်လိုက်ပြီး "သောက်ပြီးတာနဲ့ ဝတ္ထုရေးတဲ့ အကျင့်နဲ့ မင်းရဲ့ ဧည့်သည်တွေနဲ့ မင်း စကားပြောဖို့ မလွယ်ဘူး"

"မင်းကကွာ!" စွန်းဝေက သူ့ဘောင်းဘီခါးပတ်ကိုဆွဲကိုင်လိုက်ပြီး မလွှတ်​သေးဘဲ "ငါ မင်းတို့နဲ့ပဲ ဒီလိုသောက်လို့ရတာ၊  ဖောက်သည်တွေနဲ့မ​သောက်ရဲဘူး၊ သောက်ပြီးရင် ဖဲရိုက်ရတာ၊ ငါပြောမယ်၊ အဲဒီဂိုဏ်းတွေမှာ ဖဲကစားတာက ဝန်ကြီးလွန်းတယ်... အမြဲနိုင်လို့မရသလို အမြဲတမ်းရှုံးလို့လည်းမရဘူး..."

ဖုခွင်း  သူ့လက်ကို မဆွဲနိုင်တော့ဘဲ လက်တစ်ဖက်ဖြင့် ဘောင်းဘီရှည်ကို ကိုင်ကာ လက်ဖက်ရည်အိုးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ စွန်းဝေခွက်ထဲကို ထည့်ပေးပြီး “စွန်းလူ​ကြီးမင်း၊ လာ၊ ကမ်း​​ပေ့။"

"ကမ်းပေ့!" စွန်းဝေက နောက်ဆုံးတော့ သူ့ကို လွှတ် လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ ​မော့ပြီး လက်ဖက်ရည်ကို သောက်ချလိုက်ကာ "ချီးအရက်" ဟု အော်ကာ မြေကြီးပေါ် ထွေးလိုက်သည်။

ဒီအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ဖုခွင်းက မတ်တပ်ရပ်ကာ လုချွမ်ယွီကို ဖုန်းခေါ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်ပြီး "ချွမ်ယွီ၊ ခင်များကောင်​​လေးကို ကျွန်တော်ပြန်ပို့မလို့ သူ့အိမ်ဆီ ပြန်ပို့ပေးရမလား ဒါမှမဟုတ် ခင်များဆီ ပို့ပေးရမလား"

"ငါ့ဆီ ဒီကိုပဲ လာပို့လိုက်" လုချွမ်ယွီက "သူ အရက်အရမ်းသောက်ထားတာမို့လား သူ့အိမ်ပြန်ပို့လိုက်ရင် သူ့အမေကို သေ​အောင်ဆဲလိမ့်မယ်၊ စွန်းရှောင် နဲ့လည်း ထပ်ပြီး ရန်ဖြစ်​နေအုန်းမယ်"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now