အခန်း (၁၂)

3.6K 644 19
                                    

"ရိကျယ်?" ကျန်းချင်ခိုင်က ဖုရိကျယ်ကို မြင်တော့ ပြုံးပြကာ ရှဖေးဖက်သို့လှည့်၍ အသံတိုးတိုးဖြင့် "မင်းတံခါး မပိတ်ခဲ့ဘူးလား?"

" မေ့သွားတာထင်တယ်" ရှဖေးက ပြုံးလိုက်ပြီး ဖုရိကျယ်ကို လက်ယမ်းပြကာ "ရိကျယ် စာအုပ်လာဖတ် တာလား?"

"အင်း" ဖုရိကျယ်က ရှဖေး အနားကို ပြေးသွားပြီး "ငါ့​ကောက အပြင်ထွက်လည်တော့ ငါ့ကို ခေါ်မသွားဘူး"

"မင်းကို ထပ်မခေါ်သွားပြန်ဘူးလား" ရှဖေးက ပြုံးပြီး စာအုပ်စင်ပေါ်ကနေ သူ့နောက်ဆုံးတစ်ခေါက်က မြင်ခဲ့တဲ့ သုံးနိုင်ငံ စစ်ရေးကိစ္စစာအုပ်ကို ချလာပေးပြီး "မင်းအစ်ကိုက အခုလူကြီးဖြစ်သွားပြီလေ၊ ကလေးတွေနဲ့ ဘယ်ဆော့တော့မလဲ"

"ငါအရင်သွားတော့မယ်" ကျန်းချင်ခိုင်က ရှဖေးကို ကြည့်လိုက်ပြီး "ငါအရင်သွားချင်တာမဟုတ်ဘူး၊ မင်း...."

"ကိစ္စမရှိဘူး" ရှဖေးက ကုတင်ပေါ်တွင် မှီလိုက်သည်။

"ငါအလုပ်ဆင်းရင် လာခဲ့မယ်" ကျန်းချင်ခိုင်က နူတ်ခမ်းကိုက်ရင်း ဖုရိကျယ်ကို လှမ်းကြည့်နေသည် ပြီးတော့ လှည့်ကာ ထွက်သွားလေသည်။

ဖုရိကျယ်က အခု ကုတင်ပေါ်မှာလဲပြီး စာအုပ်ဖတ်နေတာဖြစ်ပြီး သူ ရှဖေးရဲ့ စာအုပ်စင်ရှိ ဒဏ္ဍရီလာ စာအုပ်တွေ အကုန်လုံးကို ဖတ်ပြီးသွားပြီဖြစ်ပြီး အခုဖတ်နေတဲ့ ဒီလိုစာအုပ်မျိုးကိုတော့ သူ ဖြည်းဖြည်းသာ ဖတ်နိုင်သည်၊ တစ်ချို့စာလုံးတွေကို မသိသေးဘူး၊ ဖတ်ရင်း စာလုံးတွေကို ခန့်မှန်းပြီး မမှန်းနိုင်ပါက ရှဖေးကို လှမ်းမေးသည်။

ဒီနေ့ ခဏလောက်ဖတ်ပြီးသွားတော့ သူစာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းလှည့်ကာ မေးထောက်လိုက်ပြီး ရှဖေးကို ကြည့်လိုက်သည်။

ရှဖေးက ရေတစ်ခွက်ကိုယူပြီး ဖြည်းဖြည်းချင်းသောက်နေသည်၊ သူ့ကို ဖုရိကျယ်က အဲ့လိုစိုက်ကြည့်နေတာကို မြင်လိုက်တော့ ခွက်ကို သူ့ရှေ့မှာ ယမ်းပြလိုက်ပြီး "ရေဆာလို့လား"

ဖုရိကျယ်က ခေါင်းယမ်းပြလိုက်သည်။

"ဘာဖြစ်လို့လဲ?" ရှဖေးက ဖန်ခွက်ကို ချလိုက်ပြီး ခုတင်ပေါ်ကို တက်လာကာ သူနဲ့အတူ လဲလျောင်းလိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now