အခန်း ၇၄

2.2K 401 29
                                    


အခန်း ၇၄

လောင်မား ပါးရိုက်မှုလိုက်တာက ပြင်းထန်လွန်းတာကြောင့် ဖုရိကျယ် ခြေမခိုင်နိုင်အောင် ထိတ်လန့်သွားသည်။

တဝီဝီအော်သံတွေ သူ့နားထဲမှာ ​​ကြားနေရပြီး ဦး​နှောက်က တွေးတောင် တွေးနိုင်စွမ်း မရှိတော့ဘဲ ဗလာဖြစ်သွားသည်။

ငယ်ငယ်လေးကတည်းက လောင်မားက သူ့ကို ဘယ်တော့မှ ရိုက်နှက်ဆုံးမ​လေ့မရှိဘူး။ မားက သူ့ကို ဖုခွင်းထက် ပိုတည်ငြိမ်တယ်လို့ အမြဲပြောလေ့ရှိပြီး ဖုခွင်းထက် ဥာဏ်ထက်မြက်ပြီး နာခံတတ်သူဟု အမြဲချီးကျူးလေ့ရှိသည်။

ဒါက ဆယ်နှစ်ကျော်အတွင်း မားသူ့ကို ပထမဆုံးအကြိမ် ရိုက်လိုက်တာပဲ၊

"မား..." ဖုရိကျယ် ခက်ခက်ခဲခဲ အော်ဟစ်လိုက်ရာ သူ့နှလုံးသားအတွင်းက ထွက်လာတဲ့ အကြောက်တရားအနည်းငယ်ကြောင့် သူ့အသံမှာ အနည်းငယ် တုန်ခါ​နေ ခဲ့သည်။

မားမား၊ ဒီစကားလုံးကို ​ခေါ်လိုက်ချိန်ကစပြီး သူ့ဘဝမှာအမြဲရှိခဲ့တဲ့ အေးဆေးတည်ငြိမ်မှုနဲ့ နှစ်သိမ့်မှုတွေက ပျောက်ဆုံးသွား​တော့မယ်လို့ သူ ရုတ်တရက် ခံစားလိုက်ရသည်။

ဒီစာလုံးကို သူ့နှလုံးသားထဲမှာ ဆယ်နှစ်ကျော်ကြာအောင် ရေးထွင်းထားခဲ့တာဖြစ်ပြီး လောင်မားက သူ့ကို နွေးနွေးထွေးထွေး စိတ်သက်တောင့်သက်သာ ဖြစ်စေခဲ့တဲ့သူပင်၊ ဒီလိုလူက သူ့ကို ဒေါသထွက်တယ်၊ မဟုတ်ဘူး   ဒီလောက်လွယ်လွယ်နဲ့ စိတ်ဆိုးမှာ မဟုတ်ဘူး.....

လောင်မားက သူ့လက်ကို မြှောက်ပြီး ဒုတိယအကြိမ် ရိုက်တော့မယ့်အချိန်တွင် ဖုခွင်းက နောက်ကနေ ပြေးထွက်သွားပြီး မားလက်ကို လှမ်းဆွဲကာ "မား!"

" ဘယ်သူက မင်းအမေလဲ!" လောင်မားက အော်ပြီး ခြေထောက်ကို မြှောက်ကာ ဖုခွင်းရဲ့ ခြေ​ထောက်ကို ပြင်းပြင်းထန်ထန် နင်း၍ "ဒီကနေ ထွက်သွား!"

"မား၊ မား" ဖုခွင်းက နာကျင်စွာ အော်ငေါက်လုမတတ် အော်ဟစ်နေသည်။ လောင်မားက သိပ်မကြာခင်ကမှဝယ်ထားတဲ့ အောက်ခံအကြမ်းနဲ့ ဘွတ်ဖိနပ်ကို ဝတ်ထားသ​ဖြင့် တစ်စုံတစ်ယောက်က သူ့ကို တူနှင့်ထုသကဲ့သို့ ဖြစ်နေသည်။ ခြေထောက်က  နာကျင်မှုကို သည်းခံပြီး လောင်မားကို ပွေ့ဖက်ထားကာ လက်မလွှတ်ဘဲ ဧည့်ခန်းထဲ တွန်းပို့ပြီး "စိတ်မဆိုးပါနဲ့ သားရှင်းပြမယ်..."

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now