အခန်း ၆၉

2.3K 405 10
                                    


အခန်း ၆၉

ဆောင်းရာသီအားလပ်ရက်ပဲဖြစ်ဖြစ် နွေရာသီအားလပ်ရက်ပဲဖြစ်ဖြစ် ဖုရိကျယ် အတွက်တော့  အချိန်ကတိုတောင်းလွန်းတယ်လို့ပဲ ခံစားမိသည်၊ အထူးသဖြင့် စာသင်နှစ်အတွက် လ​ပေါင်းများစွာကြာပြီးနောက်၊ ဆောင်းရာသီအားလပ်ရက်တုန်းကလည်း မျက်လုံးမှိတ်အတွင်း ဘာ​တွေဖြစ်နေလဲဆိုတာကို သူနားမလည်လိုက်ခင်မှာအားလပ်ရက်က ကုန်ဆုံးသွားပြီး၊ အခုနွေရာသီအားလပ်ရက်ကလည်း အလားတူပင်၊ တိုတောင်းလွန်း၍ ဘာမှ မကြာလိုက်သလိုပင်။

ဖုခွင်းက နေ့တိုင်း အလုပ်များတာကြောင့် သာ့ထုန်ကဆိုင်မှာပဲ တနေကုန် ရှိ​နေပြီး တခါတရံ ကုန်ပစ္စည်းတွေ ထွက်ဝယ်ရသည်။ ဖုရိကျယ်လည်း ဆိုင်လိုက်သွားပြီး  စာအုပ်ဖတ်တာနဲ့ ခွေးကို နေ့တိုင်း လမ်းလျှောက်​ပေးတာကလွဲရင် ဆိုင်မှာပဲ တစ်ချိန်လုံးရှိသည်။

လင်းယွမ်ယွမ်သည်ပင် နေရထိုင်ရ ကြပ်လာသည်၊ ရိကျယ်ကော၊ ဖုခွင်းကော ကျွန်မကို အလုပ်ထုတ်အောင် တမင်စီစဉ်​ပြီး လုပ်နေတာလား ?

ဖုခွင်းက ရံဖန်ရံခါတော့ တစ်ရက်နှစ်ရက်လောက် အားလပ်ချိန်ပေးကာ  အနားယူပြီး ဖုရိကျယ်နဲ့ လျှောက်လည်ရင်း အရင်က ဆော့ကစားခဲ့တဲ့ မူလတန်းကျောင်းနဲ့ အမြဲသွားလေ့ရှိသည့် မြစ်ကိုပင် ပြန်သွားလေ့ရှိသည်။

" က​လေးဘဝက အကောင်းဆုံးပဲ။" ဖုခွင်းက လက်နှစ်ဖက်နဲ့ ခေါင်းအုံးပြီး မြစ်ကမ်းစပ်ရှိ  အိပ်ကာ ကောင်းကင်​ကြီးကို ​​မှေးစင်းကာ​ကြည့်လိုက်သည်။

မြစ်ကျိုးက ပြောင်းလဲခြင်းမရှိသော်လည်း တံတားကိုတော့ ပြန်လည်တည်ဆောက်ထားသဖြင့် မြစ်ထဲတွင် မြေကြီးများ၊ကျောက်တုံးများက ဖုံးလွှမ်းနေဆဲဖြစ်သည်။ ဖုရိကျယ် ဆောင်းတွင်းကြီး မြစ်ထဲတွင် တိုက်ပွဲဝင်နေသော ဝမ်ကျစ်ချန် နှင့် ဖုခွင်းကို အမှတ်ရမိသည်။

"မကောင်းပါဘူး" ဖုရိကျယ်က  ရယ်လိုက်သည်။

"ဘာလို့လဲ" ဖုခွင်းက စဉ်းစားပြီး "ဘာလဲ  မင်းအရပ်မရှည်သေးလို့လား"

"မင်းကကော အခု မင်းပိုမထွားလို့မို့လား။" ဖုရိကျယ်က လှည့်ပြီး ဖုခွင်းကို ကြည့်လိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now