အခန်း ၇၆

2.2K 419 41
                                    


အခန်း ၇၆

ဖုရိကျယ် အိပ်နေရာက ရုတ်တရက် ထထိုင်လိုက်ပြီး သူ့နှလုံးခုန်သံ မြန်လာပြီး အသက်ရှူမဝသလို ဖြစ်လာသည်။

အချိန်အတော်ကြာထိ ကောင်းကောင်းမအိပ်ပျော်တာမို့ အိပ်ပျော်အောင် တစ်ပတ်မှာ ရက်အနည်းငယ်လောက် အိပ်ဆေး​တွေ သူသောက်​ပေမယ့် သူ အိပ်ပျော်သွားတိုင်း အိပ်မက် အမျိုးမျိုး မက်လေ့ရှိသည်။

အိပ်မက်တိုင်းက ဖုခွင်းနဲ့ ပြည့်နှက်နေတယ်။

ဒီနေ့မက်တာက နည်းနည်း မတူဘူး၊ ဒီအိပ်မက်က သူ့ကို စိတ်ပူစေတယ်၊ ​​တာတာမီပေါ်မှာ သူ အချိန်အ​တော်ကြာ ထိုင်ပြီးသည့်တိုင်အောင် သူ မသက်သာသေးဘူး။

သူ့ဘေးက လွတ်နေတဲ့နေရာကို ထိလိုက်ရင်း နဖူးကို ဒူးနဲ့ထောက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

ဖုခွင်း  မင်း အဆင်ပြေရဲ့လား

ညသန်းခေါင်မှာ နိုးလာပြီးနောက် ဖုရိကျယ်  နောက်တစ်ကြိမ် အိပ်ပျော်ဖို့ မဖြစ်နိုင်တော့ဘူး။

နှလုံးခုန်သံ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီးနောက် မျက်စိအမြင်လည်း ငြိမ်သက်လာသည်။

အချိန်အတော်ကြာ ထိုင်ပြီးနောက် ထရပ်ကာ အခန်းတွင်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ အမှောင်ထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ကြည့်လိုက်သည်။

အခန်းထဲတွင် ကုလားထိုင် နှစ်လုံးပါရှိပြီး သူထိုင်နေတဲ့ ထိုင်ခုံက ဖုခွင်းရဲ့ခုံပင်။ ဖုခွင်းအတွက် ဒါတွေရဲ့ စံနှုန်းက အင်မတန် မြင့်မားလှသည်။ထိုင်ပြီး ပုံဆွဲတဲ့အခါ ကုလားထိုင်က သူလိုအပ်တဲ့ အမြင့်နဲ့ ထောင့်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရမယ်။

ဖုရိကျယ်က  ကုလားထိုင်နောက်ကို မှီပြီး လက်ကို လက်ခုံပေါ်တင်ကာ လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာ ပုတ်လိုက်သည်။

ဒီကိုယ်ဟန်အနေအထားသည်လည်း ဖုခွင်း နှင့်သက်ဆိုင်သည်။

ဖုခွင်းက သူပုံဆွဲရင်း အလယ်တွင် အနားယူလိုက်တိုင်း၊ သူက ဒီလို ထိုင်နေလိမ့်မည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now