အခန်း ၃၃

3.1K 514 28
                                    

အခန်း ၃၃

ဖုရိကျယ်က အိပ်မပျော်ဖြစ်ခဲသည်၊ အစားနဲ့အအိပ်က သူ့အတွက်ပြောရရင် အရေးကြီးတဲ့ကိစ္စတွေထဲ ပါသည်။

ဒါပေမယ့် အဲ့ဒီညက သူအိပ်မပျော်ခဲ့ဘူး ဖုခွင်း မန်ဟွဖတ်ပြီးလို့ အခန်းမီးပိတ်ပြီး ဖုခွင်းအသက်ရှုသံတိုးတိုးကို ကြားရတဲ့အထိ သူ ဘေးနားက စာကြည့်မီးကိုဖွင့်ပြီး စာအုပ်ကို ဆက်ဖတ်နေခဲ့တယ်

ဒီစာအုပ်က သူရဲ့အဓိပ္ပာယ်မသိဘဲ တုန်လှုပ်ချောက်ခြားနေတဲ့အရာတွေကို ရှင်းပြပေးခဲ့တယ်၊ သူတစ်ညလုံးဖတ်တယ်၊ နားလည်အောင်ကြိုးစားတယ်၊ အသိပညာတွေလည်း ရလိုက်တယ်၊

သူ့အတွက် ဒီထဲမှာ ရေးထားတဲ့ အကြောင်းအရာအသေးစိတ်က နီးနီးနားနားမှာရှိပြီး လက်လှမ်းမမှီတဲ့အရာတွေပဲ

ရှဖေးသူ့ကို ဘာရည်ရွယ်ချက်နဲ့မှ ဖုံးကွယ်ထားတာမျိုးမရှိပေမယ့် သူအကြောင်း၊ သူ့ခံစားချက်တွေ အကြောင်းကိုတော့ ဘယ်တော့မှ မပြောပြခဲ့ဖူးဘူး၊ ဖုရိကျယ်က သူ့ကိုမေးမယ် ကြံလိုက်တိုင်း သူကအမြဲတမ်း တခြားအကြောင်းအရာကို ခေါင်းစဉ်ပြောင်းသွားတတ်သည်

ယခုမှု ဒီစာအုပ်က သော့တစ်ချောင်းပဲ ဖွင့်လိုက်တာနဲ့ အခြားတစ်ဖက်ကို မြင်လိုက်ရပြီ ဖုရိကျယ် တစ်ခါမှ မတွေးဖူးထားတဲ့ကမ္ဘာအသစ်တစ်ခုက သူ့ရှေ့မှာ ဖြန့်ကျက်ထားလို့နေသည်

ဖြစ်ရပ်မှန်ဥပမာတွေ တစ်ခုပြီးတစ်ခု၊ လူတွေရဲ့ ဘဝအကြောင်းတွေ၊ ရှဖေးနဲ့ကျန်းချင်ခိုင်တို့လို လူတွေပေါ့၊ အော်ပြီးတော့ ကျန်းစွန်းတို့လိုလူတွေ ဒီလူတွေက သာမန်လူတွေလိုပဲ လူစုလူဝေးထဲမှာ နေထိုင်နေကြပြီး သူတို့နှလုံးသားထဲက တကယ့်အစစ်အမှန်ကိုတော့ တခြားလူတွေကို ပေးမသိကြဘူး၊ ကိုယ့်ကိုကိုယ် လက်မခံနိုင်တာမျိုး....

အမည်းစက်၊ ရုန်းကန်မှု၊ စိတ်ဓါတ်ကျမှု၊ ဖယ်ကျဉ်ခံရမှု၊ ချို့တဲ့မှုတွေ..........

ပြတင်းအပြင်ဘက်က ကောင်းကင်က ဖြူစပြုလာသောအခါ ဖုရိကျယ် စာအုပ်ကို ပိတ်လိုက်ပြီး ကုတင်ပေါ်မှာလှဲနေကာ အပေါ်က ဗီရိုကို စိုက်ကြည့်နေမိသည်

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now