အခန်း ၄၆

2.9K 460 22
                                    

အခန်း ၄၆

ဖုခွင်း တံခါးဖွင့်ပြီး ဝင်လာသည့်အချိန်တွင် ဖုရိကျယ် တီဗွီရှေ့တွင် ထိုင်ကာ ငေးကြည့်နေသော်လည်း ခေါင်းထဲမှာတွေးနေတဲ့ပုံရိပ်တွေက ဇာတ်ကားထဲက ပုံရိပ်တွေနဲ့တော့ ထပ်တူကျမနေပေ။

ခေါင်းမော့ကာ ဖုခွင်းကို ကြည့်လိုက်ပြီးမှ ထိုပုံရိပ်များက ပိုပိုထင်ရှားလာသလို ဖြစ်လာသဖြင့် သူကျောထဲ စိမ့်သွားသော်လည်း သိပ်မကြာခင်မှာပင် သူခိုးလူမိသလို ခံစားချက်မျိုးနဲ့ အရှက်ကွဲမှုများက သူ့စိတ်ထဲက ထိုပုံရိပ်တွေကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်၊ ဖုခွင်းသူ့ကို ဒီလိုကြည့်လိုက်တာကြောင့် သူစိတ်ထဲက ပေါက်ကရလေးဆယ်တွေလည်း အကုန်ထွက်သွားပြီဖြစ်သည်

သူ အထိတ်တလန့်နှင့်ပင် တီဗွီလေးကို ခြေထောက်နဲ့ လှမ်းကန်လိုက်သည်

တီဗွီလေးက တာတာမီပေါ် အကြိမ်အနည်းငယ်လောက် လိမ့်သွားပြီး ဖုခွင်းခြေထောက် တည့်တည့်တွင် ရပ်သွားသည်

အင်းအင်းအားအားတွေက ဆက်ဖြစ်နေဆဲဖြစ်ပြီး ဖုရိကျယ်အရင်က စိတ်ကူးယဉ်ကမ္ဘာထဲ နှစ်မြှပ်နေတာမို့ အသံသိပ်မကြားပေမယ့် အခုရုတ်တရပ် သတိဝင်လာတော့ အသံက မိုးခြိမ်းသံအလားပဲ

"ဟားဟားဟား" ဖုခွင်းက ရယ်လိုက်ပြီး တီဗွီကို ကုန်းကောက်လိုက်ကာ သေချာချထားလိုက်ပြီး ဒီဗွီဒီစက်ပေါ်ရှိ ခလုတ်ကို ခဏရပ်လိုက်ကာ "မင်းက ဒါဘာလုပ်တာလဲ?"

ဖုရိကျယ် ဘာမှပြန်မပြောဘဲ ဖုခွင်းကိုသာ ကြည့်နေလိုက်သည်၊ ဖုခွင်းကိုကြည့်ရတာ ဘာမှ ထူးထူးခြားခြား တုံ့ပြန်မလာဘူး၊ တီဗွီကို နေရာတကျပြန်ထားလိုက်ပြီး အရင်အတိုင်းပဲ အဝတ်အစားများကို ချွတ်နေသည်၊

ဟုတ်တယ်၊ ဒါက ဘာမှထူးဆန်းတာမှ မဟုတ်တာ.....

ကိုယ့်ညီက အခန်းထဲမှာ ပုန်းပြီး ညစ်ညမ်းကားကြည့်နေတာ ဘာများ အထူးတလည် ထူးဆန်းနေလို့လဲ?

ဖုရိကျယ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ ခပ်မြန်မြန်ပင် ဘေးနားက ပုဝါတစ်ထည်နဲ့ သူအောက်ပိုင်းကို အုပ်လိုက်သည်

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now