အခန်း ၈၀

3K 412 26
                                    


အခန်း ၈၀

"ငါ...မင်းကို တက်လုပ်ချင်တယ်"

ဖုရိကျယ်က စကားကို တုံးတိတိနဲ့ အရှက်ကင်းမဲ့စွာ ပြောလိုက်ပြီး  ဖုခွင်း  သူကြားလိုက်ရသည့် အရာကို ဘယ်လိုမျက်နှာနဲ့ နားထောင်ရမှန်းမသိဖြစ်သွားသည်၊  "မင်းကိုတက်လုပ်ချင်တယ်" ဟူသော စကားလုံးကို သောက်လိုက်မှ ရူးသွပ်ထတဲ့ ညီရဲ့ပါးစပ်က​နေ ဒီလို ထုတ်ဖော်​ပြော နိုင်လိမ့်မည်ဟု သူမထင်ထားချေ။

ဒီစကားက လူတွေကို ဆဲတဲ့အခါသုံးရင် ထားတော့၊  ဒါပေမယ့် တကယ်လုပ်ရမယ်ဆို လုပ်မယ့်သူက သူဖြစ်သင့်တာလေ၊ သူတောင် အကောင်အထည်ဖော်ဖို့ စီစဉ်နေတုန်းကို။

ဒါကို လုံးဝ သည်းမခံနိုင်ဘူး။

"ဘာလို့လဲ" ဖုခွင်း သူ့မျက်နှာက တော်တော်နီရဲနေပြီး နားရွက်တွေက ပူနေမယ်ဆိုတာ သိတယ်။

"အကြောင်းပြချက်မရှိဘူး၊ မင်းငါ့ကို ကတိပေးခဲ့တယ်မို့လား။" ဖုရိကျယ်က သူ့တီရှပ်ထဲကို လက်ရောက်သွားပြီး သူ့ခါးကို အပေါ်အောက် လက်ချောင်းတွေနဲ့ ဝိုင်းဆွဲလိုက်သည်။

(TN- ကျုံးကော်မှာက shou ဆို 0 gong ဆို 1 ဆိုပြီး ပြောပါတယ်နော်)

"လခွမ်းလိုပဲ!" ဖုခွင်းက သူ့လက်ကို ရိုက်လိုက်ပြီး သူ့ပေါင်ပေါ်ကနေ ဆင်းချကာ သူ့ကို လက်ညိုးထိုးပြီး "ဘယ်တုန်းက ကတိပေးလို့လဲ... ငါ့ကို လုပ်ပါဆိုပြီးလား"

ဒီစကားနှစ်​ခွန်း​ပြောပြီးတာနဲ့ ဖုခွင်း ရုတ်​တရက်​ ​ပူ​လောင်လာပြီး သူ့မျက်​နှာက လောင်​ကျွမ်းလုနီးပါးဖြစ်​သွားသည်။

"မင်းပြောထားတယ်လေ ငါ မင်းထက် အရပ်ပိုမြင့်ရင် မင်းငါ့ကို ကတိတစ်ခုပေးထားတယ်​လေ၊ မင်း ငါပြောတာ ဘာမဆို လုပ်ပေးမယ်ဆိုပြီး" ဖုရိကျယ်က သူ့ခြေထောက်တွေကို ဆန့်ပြီး ထိုင်ချလိုက်ကာ "ဒါက အတိအကျပဲ စကားတစ်ခွန်းတောင် မပိုဘူး"

"ဒါက မင်းဘာလုပ်ခိုင်းလဲဆိုတာ ကြည့်ရအုန်းမယ်လေ!" ဖုခွင်း  ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။

"ငါ မင်းကို ကိုယ်တုံးလုံးနဲ့ အပြင်မထွက်ခိုင်းရဘူး" ဖုရိကျယ်က စုတ်သပ်လိုက်ပြီး ခဏလောက် စဉ်းစားကာ "ဒီကိစ္စက ငါတို့နှစ်​ယောက် လုပ်လိုက်ရင် ပြီး​ပြီ​ကို ဒါမှမဟုတ်... မင်းကငါ့ကို လုပ်ချင်တာလား?"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now