အခန်း ၆၇

2.2K 404 23
                                    

အခန်း ၆၇

ဖုရိကျယ် လျိုဝေရဲ့ ဒိုင်ယာရီကို ချက်ချင်းမဖတ်ဘဲ သူ့ကိုယ်ပိုင်စာအုပ်များ နှင့်​ရောကာ အိတ်ထဲထည့်ပြီး  ကိုယ်ပိုင် လေ့လာရေးအခန်းထဲက သူ့စားပွဲခုံထဲထည့်​ပြီး အင်တာနက်ဆိုင်သို့ ပြန်ပြေးသွားသည်။

ကျန်းဆုန်း  နှင့် အခြားသူများက အင်တာနက်ကဖေးတွင် အပြင်းအထန်တိုက်ခိုက်​​ကြဆဲဖြစ်ပြီး ဖုရိကျယ် နာရီဝက်လောက် ပျောက်သွားတာကို ဘယ်သူမှ သတိမထားမိချေ။ သူပါ​ရော ဝင်ဆော့လိုက်ပြီး ကျန်းဆုန်းဆီက နှစ်ခေါက်လောက် သတ်ခံရပြီးချိန်မှာတော့ ဗိုက်ဆာလာသဖြင့် အင်တာနက်ကဖီးကနေဆင်းကာ စားစရာ လိုက်ရှာလိုက်သည်။

"ဖုရိကျယ် ကျွေးရမှာ " ကျန်းဆုန်းက ဖုရိကျယ်ရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး "မင်း ဉာဏ်ဒီလောက်ကောင်းတာကို၊ ဂိမ်းကစားတဲ့အခါ မင်းဦးနှောက်က မ​ကြီးထွားသွားသလို ဘာလို့ ခံစား​နေရတာလဲ။"

"ဒါဆို နွေရာသီ အားလပ်ရက်ကျရင် မင်း ငါ့​ကောနဲ့ လာဆော့မလား" ဖုရိကျယ်က  ပြုံးပြီး " သူ ဦးနှောက်က
ဂိမ်းဆော့ဖို့အတွက်ပဲ  ကြီးထွားလာတာ"

"မလုပ်ပါနဲ့" ကျန်းဆုန်းက စုတ်သပ်လိုက်သည်။  ဖုခွင်းက  မူလတန်းကျောင်းထဲက သူ ဂိမ်းကစားမှာကို ဆန်း​ရှောင်ကျောင်းနားရှိ ဂိမ်းဆိုင်ပိုင်ရှင်ကပင် ထိတ်လန့်နေပြီဖြစ်သည်။ "မင်းအစ်ကို အခုထိဆော့ဖို့ အားနေသေးတာလား။ အခု ငွေရှာ​နေ​ပြီမို့လား။"

"ညဘက် အိမ်ပြန်​ရောက်ရင် ကစားတာလေ ဒါမှမဟုတ် ပုံဆွဲရင်ဆွဲ..." ဖုရိကျယ်  သူ့ခြေဖဝါးအောက်က ကတ္တရာလမ်းကို ငုံ့ကြည့်လိုက်သည်။ ရုတ်​တရက်​ သူ့ခြေလှမ်းတွေ  အနည်းငယ်​ ​ပျော့​ခွေသွားသလို ခံစားလိုက်​ရသည်..

"မင်း​ကော အကြောင်းပြောတိုင်း မင်း ဘာလို့ဒီလိုပုံစံဖြစ်သွားရတာလဲ" ကျန်းဆုန်းက  ရုတ်တရက် သူ့နားနားကပ်ပြီး တိုးတိုးလေးပြောသွားသည်။

"ဘယ်လိုမျိုးလဲ" ဖုရိကျယ်  လန့်သွားသော်လည်း သူ့လေသံက တည်ငြိမ်ဆဲ။

" အရမ်းစိတ်လှုပ်ရှားသွားလို့ပဲလား ဒါမှမဟုတ် စိတ်လွှတ်သွားတာလား " ကျန်းဆုန်းက  ပြုံးပြီး သူ့ပုခုံးပေါ်မှ လက်မောင်းကို ရုတ်ကာ ရှေ့ကို ညွှန်ပြပြီး "မျက်နှာ ပူနေပြီ!"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now