အခန်း ၅၀

2.8K 497 28
                                    

ငယ်စဉ်ကတည်းက အမျိုးမျိုးသော ရည်မှန်းချက်များ အောင်မြင်ဖို့ပြီးတော့ လူတွေရဲ့စာနာမှုကို ရရှိဖို့အတွက် ဖုရိကျယ်က  အငိုနည်းကို ကျွမ်းကျင်စွာ အသုံးချနိုင်ခဲ့ပြီး မငိုချင်တော့ရင်လည်း သူ မျက်လုံးထဲက မျက်ရည်များကို ခဏတွင်း တိတ်စေနိုင်သည်။

သူငိုတဲ့ပုံစံက သနားဖို့​ကောင်းပြီး နှလုံးသားများစွာကို ပျော့ပျောင်းစေနိုင်တယ်ဆိုတာ သူသိတယ်။

အရွယ်​ရောက်လာတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ ဒီနည်းလမ်းကို မလိုအပ်တော့ပေမယ့် ဘာပဲဖြစ်ဖြစ် အခု သူ့မျက်ရည်ကို ထိန်းမထားနိုင်ခဲ့ပါဘူး။

ဖုခွင်း  သူ့မျက်ရည်တွေကို မြင်ရမှာကို ပိုကြောက်လေလေ၊ သူရှက်လာလေလေ ခံစားရလေလေ၊ ရပ်တန့်ဖို့ ကြိုးစားလေလေ၊ သူ မထိန်းနိုင်လေလေပါပဲ။

ဖုရိကျယ် ဖုခွင်းရဲ့ ပခုံးပေါ်မှာ မျက်လုံးများကို ဖိထားပြီး ဖုခွင်းရဲ့  အင်္ကျီပေါ်ကနေတောင် အဆက်မပြတ် စီးကျနေသော မျက်ရည်များကို ခံစားလို့ရသည်။

သို့သော် ဖုခွင်းက လမ်းပေါ်ရှိ ကားများကို အာရုံစိုက်နေတာကြောင့် သူ့အပြုအမူကို သတိမထားမိပုံရသည်။

နောက်ဆုံးတွင် တက္ကစီတစ်စီးရောက်လာပြီး ဖုခွင်း  က လက်ဆွဲခေါ်ကာ ဖုရိကျယ်ကို ကားထဲသို့ ဆွဲခေါ်သွားသည်။

ဖုရိကျယ် ဖုခွင်း ကားသမားနှင့် စကားပြောနေတုန်း သူ့မျက်ရည်များကို သုတ်လိုက်သည်။

အခုအချိန် ဆေးရုံသည် လူ အလွန်ကင်းမဲ့နေပြီး ဖုရိကျယ်မှာ ဖုခွင်းက အရေးပေါ်ခန်းထဲကို ဆွဲ​​ခေါ်သွား​ခြင်းကို ကူကယ်ရာမဲ့ ခံခဲ့ရသည်။

"ကျွန်​တော့်ညီ ရုတ်တရက် အဖျားတက်ပြီး ကိုယ်လက်​တွေလည်း အရမ်းပူလာလို့" လို့ ဖုခွင်း  က တာဝန်ကျ ဆရာဝန်ကို ပြောလိုက်သည်။

တာဝန်ကျ အမျိုးသမီး ဆရာဝန်သည် ဖုရိကျယ်ကို မော့ကြည့်ကာ သာမိုမီတာကို ထုတ်ပြီး ဖုခွင်း အား ပေးလိုက်ကာ "အဲဒီမှာ ထိုင်ပြီး အပူချိန်ကို အရင်တိုင်းလိုက်၊  အအေးမိတာလား"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now