အပိုင်း(၂)

11K 931 9
                                    

[Unicode]

ဘာတွေဖြစ်နေလဲဆိုတာကို မရှင်းပြနိုင်တဲ့အခြေအနေကို ကြုံဖူးလား....အဲ့ဒါကအခုရှောင်ကျန့်ကြုံနေရတာပဲ.. သူအခုထိကြောင်နေတုန်းပဲ...သူဘာတွေဖြစ်နေလဲမသိဘူး..သေသေချာချာမှတ်မိတာက သူအိပ်ခန်းထဲမှာအိပ်နေတာ ခဏကြာတော့ သူနိုးလာပြီး ထူးဆန်းတဲ့နေရာကိုရောက်နေတာ...ဘာဘဲဖြစ်ဖြစ် ရှောင်ကျန့်လုံးဝကို ရှုပ်ထွေးနေတယ်...

တော်ဝင်သမားတော်ကြီးက မတ်တပ်ရပ်ပြီးဉီးညွှတ်လိုက်တယ်  "ဧကရီ....ကျွန်တော်မျိုးအခုထွက်သွားပါတော့မယ်  နင်က ကျွန်တော်မျိုးပေးတဲ့ဆေးကို ဆက်သပါလိမ့်မယ်"  ရှောင်ကျန့် သမားတော်ကြီးထွက်သွားသည့်တိုင်အောင် ရှုပ်ထွေးနေတုန်းပဲ....

"မင်းကဘယ်သူလဲ"  ရှောင်ကျန့်က အိပ်ရာဘေးက ကောင်လေးကိုမေးလိုက်တယ်.. နင်လို့ခေါ်တဲ့ကောင်လေးက ရှောင်ကျန့်ရဲ့မေးခွန်းကြောင့် နည်းနည်းတော့ဝမ်းနည်းသွားတယ်.. ဧကရီက သူ့ကိုမှတ်မိပုံမပေါ်ဘူး သူကလွန်ခဲ့တဲ့လေးလထဲက နန်းတော်ထဲလာပြီး  ဧကရီ့ကိုအလုပ်အကျွေးပြုခဲ့တာ....

နင်ကပြုံးလိုက်တယ် သူ့ရဲ့သခင် သူ့ရဲ့ဧကရီက သူ့ကိုမှတ်မိလာမယ်ဆိုတာသူသိတယ်..သူ့ကိုမမှတ်မိတာ ဧကရီရဲ့အမှားမဟုတ်ဘူး.... " ဧကရီ...ကျွန်တော်မျိုးက နင် ပါ ကျွန်တော်က ဧကရီရဲ့အယုံကြည်ရဆုံးအစေခံပါ..ကျွန်တော်က  ဧကရီနန်း‌တော်ကိုစရောက်ကတည်းက အလုပ်အကျွေးပြုခဲ့တာပါ"  နင်က ဂုဏ်ယူစွာဖြေလိုက်တယ်..  ရှောင်ကျန့်ကြည့်လိုက်တော့ ကောင်လေးကအရမ်းကိုချစ်စရာကောင်းတယ်  ရှောင်ကျန့်ကိုကြည့်ရင်း စကားပြောနေပုံက အပြစ်ကင်းစင်ပြီးချစ်စရာကောင်းတယ်  ဘယ်သူမဆိုသူ့ရဲ့မျက်လုံးထဲကရိုးသားမှုကိုမြင်နိုင်တယ်...

ကောင်လေးရဲ့စကားလုံးတွေကိုရှောင်ကျန့်နားလည်အောင်ကြိုးစားနေတယ်  "နင်..ငါ့ကိုထိုင်ဖို့ကူညီပေးပါလား"  ရှောင်ကျန့်မေးလိုက်တော့ နင်က ခေါင်းကိုညိမ့်ပြီး သူ့ကိုထိုင်ဖို့ကူညီပေးသည်  ... ရှောင်ကျန့်သူ့ဗိုက်ကိုသူပထမဆုံးကြည့်လိုက်တယ်   အဖုသေးသေးလေးကို သူတကယ်မြင်ရတယ်ဆိုတော့
ကိုယ်ဝန်ရှိနေတာအမှန်ပဲပေါ့...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now