အပိုင်း(၃၉)

4.3K 364 2
                                    

[Unicode]

(T. N- ညီမ ဒီနေ့ နေ့လည်ကစပြီးတော့ ဆွေမျိုးတွေဆီသွားလည်ရမှာမလို့ ၁၀ရက်လောက်တော့ update မပေးနိုင်လောင်ဘူးရှင့် ဒီနေ့တော့ သုံးပိုင်းတင်ပေးပါမယ်ရှင့်)

**************************

ရိပေါ်ကသူ့ကိုကြည့်နေတဲ့ဝမ်ရှင်းလေးရဲ့ပါးကို ကြင်ကြင်နာနာပွတ်သပ်သပ်ပေးနေ၏... ရှောင်ကျန့်ကတော့အကြည့်လွှဲထားလေသည် ... သူ့ကိုကြည့်လဲမကြည့်သလို စကားလည်းပြောမှာမဟုတ်ဘူး... ဝမ်ရှင်းတစ်ယောက် လက်မြှောက်ကာ ဝမ်ရိပေါ်ရဲ့လက်ချောင်းကိုဆုပ်ကိုင်လိုက်၏... ထို့နောက်ပါးစပ်ထဲတွင်အစွယ်လေး လေးချောင်ပေါ်လာကာ ရိပေါ်လက်ချောင်းကိုကိုက်လိုက်လေသည်... ရိပေါ်တစ်ယောက် သူ့လက်ချောင်းကအနည်းငယ်ကျင်တက်လာတာကိုခံစားမိတော့ မျက်ခုံးပင့်လိုက်သည်.. သူ့သားကတကယ်ကိုလုပ်ရဲနေတာပဲ... ရိပေါ် ဝမ်ရှင်းကိုစူးစူးရှရှကြည့်လိုက်တော့ ဝမ်ရှင်းကသူ့မျက်နှာကိုရှောင်ကျန့်ရင်ခွင်ထဲဖွက်လိုက်လေတော့သည်... ထို့နောက် ရိပေါ် သူ့လက်ချောင်းက သွားရာလေးခုကိုကြည့်လိုက်လေသည်....

"ပိုင်မျိုးနွယ်... မောင်မင်းရဲ့ဗျတ်စောင်းတီးတဲ့စွမ်းရည်က ထူးခြားတယ်ဆိုတာကိုယ်တော်သိတယ်... လူတိုင်းနားဆင်နိုင်ဖို့ ငါကိုယ်တော် မောင်မင်းကိုတီးခတ်စေချင်တယ်... မောင်မင်းကတစ်ချိန်တုန်းက ငါကိုယ်တော်ရဲ့ယောက္ခမတစ်ဖြစ်လည်း အမတ်ချုပ်ဖြစ်ခဲ့တာကြောင့် ငါကိုယ်တော် မောင်မင်းကိုလေးစားနေတုန်းပါပဲ" အချိန်ထပ်မဆွဲဖို့ဆုံးဖြတ်ထားတဲ့ ရိပေါ်ကပြောလိုက်၏... ကောရွမ်အဖေကပြုံးလိုက်သည် သူ့အပြုံးကအစစ်အမှန်မဟုတ်ပေမဲ့လည်းပေါ့... ဝမ်ရိပေါ်ကိုသတ်ချင်နေတဲ့ဆန္ဒကအရမ်းကိုပြင်းပြနေပြီဖြစ်သည်... သူ့ကိုဂရုစိုက်သလိုလာဟန်ဆောင်နေတဲ့ ဒီဘုရင်က သူ့ကိုအရာအားလုံးဆုံးရှုံးအောင်လုပ်တဲ့သူပဲ.... အခုတော့ သူက အသုံးမကျတဲ့လယ်သမားတွေနဲ့သူတောင်းစားတွေရဲ့ဘဝတွေလို မခြားမနားဖြစ်နေရပြီ!

"ပိုင်မျိုးနွယ် ငါကြားတာ ကျင့်ကြံစွမ်းဘယ်လောက်ပဲဖြစ်ဖြစ် မောင်မင်းရဲ့ ဗျတ်စောင်းသံနဲ့လူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်ဆို... မင်းရဲ့စွမ်းရည်တွေကထူးခြားတယ်လို့ သားတော်ပြောတယ်" မယ်တော်ကြီးကထပ်ပြောလိုက်၏... ရှောင်ကျန့်ကတော့ တစ်ချိန်လုံးတိတ်ဆိတ်နေလေသည် သူထိုင်နေပုံနဲ့သူ့အပြုအမူက အခုပြောနေတဲ့စကားဝိုင်းကို လုံးဝစိတ်မဝင်စားကြောင်းပြနေသည်....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now