အပိုင်း(၄၃)

4.2K 335 2
                                    


[Unicode]

ရှောင်ကျန့်စကားတွေကြောင့် အနားမှာရှိတဲ့ အစေခံတွေနဲ့အစောင့်တွေအကုန် ခေါင်းငုံ့လိုက်ကာ မျက်နှာတွေနီကုန်ကြ၏... သူ့တို့ဧကရီက တကယ်အရှက်မရှိတာပဲ... အရှင်မင်းကြီးနဲ့ အစောပိုင်းကဘာတွေလုပ်ခဲ့လဲဆိုတာကို မရှက်ဘဲ အကျယ်ကြီးအော်ပြောရဲတယ်....

ရိပေါ်တစ်ယောက် အနားမှာရှိတဲ့ အစေခံတွေနဲ့အစောင့်တွေကိုကြည့်ပြီး ဒေါသထွက်သွားသည်... သူ့ရှေ့က စားပွဲကိုပြန်ကြည့်ကာ ရိုက်ချလိုက်တာကြောင့် လူတိုင်းဒူးထောက်လိုက်ကြ၏... ရိပေါ်ထကာ အစေခံတွေနဲ့အစောင့်တွေကိုနောက်ဆုံးအကြိမ်ကြည့်ပြီး အော်လိုက်၏ "ထွက်သွားစမ်း" ခဏအကြာမှာတော့ အနားမှာဘယ်သူမှမရှိတော့ပေ.... ဘုရင့်အခန်းထဲကိုဝင်တော့မယ့်ရှောင်ကျန့်မှာ ကျောချမ်းလာကာ ရပ်လိုက်သည်... သူသိတာက ဒီနေရာကမြန်မြန်ထွက်သွားဖို့ပင်... ထမင်းစားတဲ့နေရာကနေကြားလိုက်တဲ့ အသံကြောင့် ဟိုနှလုံးသားမရှိတဲ့လူကြီး ဒေါသထွက်နေတယ်ဆိုတာ သိလိုက်၏....

"ငါဒီနေရာက ထွက်သွားတာပိုကောင်းမယ်... အဲ့ချီးထုပ်က သူ့ကိုအေးအေးဆေးဆေး မနေရအောင် လုပ်နေတယ်" ရှောင်ကျန့် တိုးတိုးလေးပြောလိုက်ကာ ထွက်သွားဖို့ နောက်လှည့်လိုက်သည်... ရိပေါ် သူ့အခန်းကိုပြန်လာတာမြင်လိုက်တော့ သူ့ပုန်းဖို့လုပ်လိုက်ပြီး ရိပေါ်အခန်းထဲဝင်သွားမှ ထွက်သွားဖို့ဆုံးဖြတ်လိုက်၏... အခန်းနားကိုရောက်နေတဲ့ ရိပေါ်ကိုချောင်းကြည့်ရင်း သူ ကုလားထိုင်နောက်မှာဝင်ပုန်းလိုက်သည်... ရှောင်ကျန့်ပုန်းနေတဲ့ ထိုင်ခုံကို ရိပေါ်ကြည့်ကာ ခြေလှမ်းရပ်လိုက်၏... သူရှောင်ကျန့်ကိုမမြင်နိုင်ပေမဲ့ ရှောင်ကျန့်ရနံ့ကပြင်းတာမလို့ သူရှိနေတာကို ရိပေါ်ခံစားမိသည်.... သူကနဂါးတစ်ကောင်မလို့ ပုံမှန်ထက်ပိုပြီး အနံ့ခံနိုင်၏... သူ့ရဲ့ချီစွမ်းအားနဲ့ ခုံကိုရွှေ့လိုက်ပြီးနောက် ပုန်းပြီးသူ့ကိုချောင်းကြည့်နေတဲ့ ရှောင်ကျန့်ကိုမြင်လိုက်ရလေသည်....

ရိပေါ် သူ့ဧကရီရဲ့အပြုအမူကြောင့် ရယ်မောလိုက်လေသည်... သူ ရှောင်ကျန့်နားကို လျှောက်သွားကာ သတို့သမီးပုံစံပွေ့ချီလိုက်လေသည်... ဘာတွေဖြစ်သွားတာလဲဆိုတာ သိလိုက်တဲ့ ရှောင်ကျန့်တစ်ယောက် ရိပေါ်လက်ထဲကလွတ်အောင် ရုန်းလေတော့သည်...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now