အပိုင်း(၄၇)

4K 327 5
                                    


[Unicode]

နှစ်ပတ်ကြာသော်

ရှောင်ကျန့်မှာ ရိပေါ်ကို လွန်ခဲ့တဲ့နှစ်ပတ်လုံး လုံးဝမမြင်ရသေးပေ... ဝမ်ရှင်းကိုတော့ အရှင်မင်းကြီးနဲ့အချိန်ဖြုန်းလို့ရအောင် ကုန်းကုန်းတစ်ယောက်က ဘုရင့်နန်းဆောင်ကို လာခေါ်သွားလေ့ရှိ၏.... ပြီးမှ ဧကရီ့ဆီပြန်ပို့ပေးသည်... ဝမ်ယွမ်ကတော့ သူ့မယ်တော်ဆီနေ့တိုင်းလာကာ သူ့ညီတော်လေးနဲ့ ဆော့ပြီး ညနေပိုင်းရောက်မှပြန်လေ့ရှိ၏... 

ရှောင်ကျန့်တစ်ယောက် အရင်လိုစကားသိပ်မပြောတော့ပေ... ရိုးရိုးသားသားပြောရရင် သူရိပေါ်ကိုအရမ်းလွမ်းနေသည်... ဒါပေမဲ့လည်း သူ့ကိုသွားမတွေ့နိုင်ပေ... မဟုတ်ရင် လူတွေက သူ့ကိုအရှက်မဲ့ပြီးအာရုံစိုက််ခံရအောင်လုပ်နေတယ်လို့ ထင်လိမ့်မည်... "ခင်ဗျား ကျွန်တော့်ကို လာမတွေ့ချင်ရင် ကျွန်တော်လည်း ခင်ဗျားကိုလာနှောက်ယှက်မှာမဟုတ်ဘူး... လုံးဝဂရုမစိုက်ဘူး" ရှောင်ကျန့်အော်ပြောကာ သူ့လက်ထဲကလက်ဖက်ရည်ခွက်ကို ခွဲလိုက်လေသည်... ထို့နောက် သူထိုင်ရာမှထကာ အခန်းထဲသို့ပြန်ဝင်လိုက်လေသည်...

"ဒီရက်ပိုင်း ဧကရီဒေါသထွက်နေတယ်ဆိုတာ နင်သတိထားမိလား... ဒီခွက်အပါအဝင်ဆို ဧကရီခွဲပစ်တာ ခွက်နှစ်ဆယ်မြောက်ပဲ" အစေခံတစ်ယောက်က သူ့လုပ်ဖော်ကိုင်ဖက်ကို တီးတိုးပြောလိုက်၏...

"တစ်ခုခုဖြစ်လို့နေမယ် နင်လုံးဝမသိရင် ပြောလို့မရဘူး" နောက်အစေခံတစ်ယောက်က ထပ်ပြောလေသည်... ထို့နောက် သူတို့အချင်းချင်းတီးတိုးပြောရင်း ခွက်အကွဲတွေကို ရှင်းလင်းနေလေသည်... Ning သူတို့နားကို‌ရောက်လာချိန်မှာတော့ သူတို့အားလုံးပါးစပ်ပိတ်လိုက်ပြီး လူစူခွဲကာ လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လုပ်နေလိုက်သည်... ရှောင်ကျန့်တစ်ယောက် ဂွမ်းစောင်ကြီးခြုံကာ ဆက်လက်သုန်သုန်မှုန်မှုန်ဖြစ်နေသည်... သူ့ခင်ပွန်းကို သူတကယ်လွမ်းနေပြီ... ရိပေါ်က သူ့ကိုချစ်သွားအောင်ကျတော့လုပ်ပြီး အခုတော့သူ့(ရှောင်ကျန့်)ကိုလျစ်လျူရှုထားတယ်... ပြီးတော့ ရိပေါ်က သူ့ကိုလုံးဝမရှိသလိုမျိုးသဘောထားသေးသည်... 

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now