အပိုင်း(၃၀)

5.5K 440 4
                                    

[Unicode]

ရှောင်ကျန့်ပေါင်ပေါ်ကိုတက်ဖို့ နည်းလမ်းပေါင်းစုံရှာနေတဲ့ဥလေးရဲ့ဘေးမှာ ရှောင်ကျန့်စားသောက်နေသည်... "ကလေးလေးက မယ်တော့်ကိုတွယ်ကပ်နေတာလား...ဒါမှမဟုတ်ဗိုက်ဆာနေတာလား" အဖြေပြန်ရဖို့မမျှော်လင့်ထားပေမဲ့လည်း ရှောင်ကျန့်မေးလိုက်၏.... ရှောင်ကျန့်သက်ပြင်းချလိုက်ပြီး အမတ်တွေရဲ့လျှောက်တင်လွှာတွေနဲ့အလုပ်ရှုပ်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်လိုက်သည်...ခဏကြာတော့ သူမျက်မှောင်ကြုတ်လိုက်တာကိုမြင်လိုက်၏... အမှန်တကယ်တော့ ရှောင်ကျန့်ပျော်ရွှင်နေပါတယ် သူအများကြီးတွေးတောမနေရဘူး... တိုင်းပြည်ရေးရာတွေနဲ့လည်းစိတ်ဖိစီးစရာမလိုပေ တစ်ခါတစ်ရံ အဲ့အရှုပ်ထုပ်တွေထဲမှာ သူကိုယ်တိုင်ပါဝင်နေတယ်ဆိုရင်တောင်ပေါ့....

"အရှင်... ဒီဥလေးက အစာစားလားဆိုတာ ကျွန်တော်သိချင်လို့" ရှောင်ကျန့်မေးလိုက်သည်... လျှောက်တင်လွှာကိုလက်ထဲကချလိုက်တဲ့ ဝမ်ရိပေါ်က သူ့ဧကရီကိုကြည့်ကာ ဆွံ့အသွား၏... သူ့ဧကရီက အရမ်းနုံအပြီး ‌တော်တော်ဗဟုသုတမရှိတာပဲ....

"စားတယ်.. မဟုတ်ရင် သူပေါက်လာမှာမဟုတ်ဘူး" ရိပေါ်ရဲ့အဖြေကြောင့် ရှောင်ကျန့် တစ်ခဏလောက်စဉ်းစားလိုက်သည်.. ဥတစ်လုံးကဘာစားနိုင်မလဲ... ဘယ်အချိန်မှာစားလဲ.... နေအုံး သူဘယ်လိုတောင် ထူးဆန်းပြီး တုံးအလိုက်တာလဲ! ဟုတ်တာပေါ့ ဥတွေက အစာစားစရာမှမလိုတာ! အရှင်မင်းကြီးက သူ့ကို ရယ်စရာလာလုပ်နေတာပဲ...

"ရယ်စရာလာလုပ်နေတယ်... ကျွန်တော် ကြက်ဥတွေကိုမြင်ဖူးတယ်.. သူတို့ကမစားပေမဲ့ သူတို့ကိုတော့ ပြုတ်ပြီးတော့ ဒါမှမဟုတ် ကြော်ပြီးတော့စားကြတယ်" ရှောင်ပြန်ပြောလိုက်တော့ ရိပေါ်တစ်ယောက် ရှောင်ကျန့်နောက်မှာရှိနေတဲ့ ဥလေးကိုကြည့်လိုက်လေ၏.. ချက်ချင်းဆိုသလို ဥလေးကို ရှောင်ကျန့်က နီးနီးကပ်ကပ်ဖက်လိုက်သည်... "ဒီဥလေးကို ကျွန့်တော့်ဗိုက်ထဲမှာ လများစွားကြာအောင်သယ်ဆောင်ထားခဲ့တာ! ဒါက ကျွန်တော့်ကလေး! ဒီဥလေးကို စားဖို့စဉ်းတောင်မစဉ်းစားနဲ့!! ဘာလို့လဲဆိုတော့ အရှင်အဲ့လိုမလုပ်ခင် အရင်ဆုံး ကျွန်တော်ကအရှင်ကို အသားကင်လုပ်ပစ်မှာမလို့!!" ရှောင်ကျန့်ထပ်ပြောလိုက်၏.. ရိပေါ်တစ်ယောက် သူ့ဧကရီက ထပ်ပြီးအတွေးတွေလွန်နေတာကို မျက်မှောင်ကြုတ်လိုက်လေသည်... ဥကိုစားမယ့်အကြောင်းဘယ်သူပြောလို့လဲ.... ကလေးကတော့ သူ့ခမည်းတော်ရဲ့အတွေးကိုဝင်ဖတ်ကာ သရော်ပြုံးပြုံးလိုက်သည်... သူ့အဖေလုပ်ခဲ့တာတွေကို မှတ်မိဖို့ လုံလောက်အောင််ဉာဏ်ကောင်းတာမလို့ သူ့မယ်တော်ကို ပြန်တိုင်ပြောလိုက်တာ... သူသိတာပေါ့ သူ့မယ်တော်က သူ့အတွက် တရားမျှတမှုရှာပေးမယ်ဆိုတာကို....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now