အပိုင်း(၄၁)(warning)

6.1K 344 3
                                    


[Unicode]

"မျက်လုံးစည်းကိုဖယ်ဖို့ဘယ်သူပြောလို့လဲ.. ငတုံးလေးရဲ့" ရိပေါ်တိုးတိုးလေးပြောကာ ရှောင်ကျန့်ကိုသေချာချီလိုက်သည်... ဒီမှာသူပျင်းနေပြီ... ပိုင်မျိုးနွယ်က တစ်ခုခုစိန်ခေါ်နိုင်မယ်လို့ထင်ထားတာ.. ဒါပေမဲ့မလုပ်နိုင်ဘူး... ပိုင်မျိုးနွယ်ကို ကြိုးတုပ်ကာ မြေအောက်အကျဉ်းထောင်ထဲသို့ ပို့စေသည်... သေလုနီးပါးဖြစ်နေတဲ့ သူ့အောက်ကလူတွေကိုကြည့်ကာ ရိပေါ်ခေါင်းရမ်းလိုက်၏... "ပျင်းစရာကောင်းတယ်...  ပုန်ကန်သူတစ်ယောက်နောက်ကို မင်းတို့လိုက်ဖို့ဆုံးဖြတ်လိုက်ကတည်းက မင်းတို့ကို သေဒဏ်ပေးရမှာ ဒါမှမဟုတ်မင်းတို့ကို သက်ညှာပေးသင့်လား" ရိပေါ်တိုးတိုးလေးထပ်ပြောလိုက်သည်...

"သခင်... သူတို့ကိုလွှတ်ပေးလိုက်သင့်တယ်လို့ ထင်တယ်... သူတို့က အဲ့သစ္စာဖောက်ကောင်ရဲ့ ကြိုးကိုင်ခြယ်လှယ်ခံရတယ်လို့ထင်တယ်" နဂါးနီလေးက ရိပေါ်နောက်မှာပေါ်လာကာ ပြောလိုက်၏....

"အကြံကောင်းပဲ ဒါပေမဲ့ သူတို့ကို ဒုက္ခိတဖြစ်သွားအောင်တော့ လုပ်ရမယ်.. ဒါမှ အနာဂတ်မှာ သူတို့ဒုက္ခမပေးနိုင်တော့မှာ" ရိပေါ်ညွှန်ကြားပြီးနောက် သတိမေ့နေတဲ့ဧကရီ့ကိုခေါ်ကာ ထွက်သွားသည်... နန်းဆောင်ကိုပြန်ရောက်တော့ ရှောင်ကျန့်ကို သူ့နဂါးအိပ်ရာပေါ်မှာတင်ကာ စောင်ခြုံပေးလိုက်ပြီးနောက် နန်းဆောင်ကပြန်ထွက်ကာ သူ့မိဘတွေနန်းဆောင်ကိုသွားပြီး ကလေးနှစ်ယောက်သွားခေါ်လိုက်သည်.... ထို့နောက် လူတိုင်းကို  မကြောက်တော့ဖို့ မစိုးရိမ်တော့ဖို့နဲ့ ကိစ္စတွေအကုန်ဖြေရှင်းပြီးပြီဆိုတာ အမိန့်ပြန်ကြားလိုက်၏...

ရိပေါ်က သူ့ယောက္ခမတွေ အဆင်ပြေတယ်ဆိုတာသေချာအတည်ပြုပြီးနောက် ကလေးတွေကို ပြန်ခေါ်လာလိုက်သည်...  အစေခံတွေကို ကလေးနှစ်ယောက်အားဂရုစိုက်ဖို့ မှာကြားပြီးနောက် သူ့ဧကရီဆီပြန်လာလိုက်၏... နန်းဆောင်ကိုရောက်တော့ ရှောင်ကျန့်က သူ့ဝတ်ရုံတွေချွတ်နေကာ အတွင်းဝတ်ရုံလေးသာ ကျန်တော့တာကိုတွေ့လိုက်ရသည်... ရိပေါ်က သူ့ဧကရီရဲ့ ဖြူဖျော့တဲ့အသားအရည်လေးနဲ့ ထိတွေ့ပါလို့ခေါ်နေတဲ့ တင်ပါးလေးကို ကြည့်လိုက်သည်... သူနှုတ်ခမ်းသပ်လိုက်ကာ ရုတ်တရတ်ရေငတ်လာသလိုခံစားလိုက်ရ၏... ရိပေါ် ရှောင်ကျန့်နားကိုလျှောက်သွားကာ နောက်ကနေခါးလေးကို သူ့လက်တွေနဲ့ပွေ့ဖက်လိုက်သည်.. ရှောင်ကျန့်မျက်နှာလေးကိုမော့စေကာ လည်ပင်းနားကိုကပ်သွားလိုက်၏... ရှောင်ကျန့်တစ်ယောက် သူ့လည်ပင်းနားက အရှင့်ရဲ့ နွေးထွေးတဲ့ဝင်သက်ထွက်သက်ကြောင့် တုန်ယင်လာလေသည်....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now