အပိုင်း(၂၄)

6K 480 11
                                    


[Unicode]

"ဧကရီကြောက်စရာမလိုပါဘူး အရှင်မင်းကြီးက ဧကရီ့ကိုကာကွယ်ပေးလိမ့်မယ်" Ningပြောလိုက်သည်.... ရှောင်ကျန့်ပြန်မဖြေလိုက်ပေမဲ့ တိတ်တိတ်လေးနေလိုက်၏...

"မိစ္ဆာလေး... မင်းနန်းတော်ကို ဘယ်လိုရောက်လာတာလဲ" နဂါးနီလေးက ကောင်ငယ်လေးကိုမေးလိုက်တော့ ဝမ်ယွမ်နှုတ်ခမ်းဆူသွားလေ၏....

"ငါ့နာမည်ကဝမ်ယွမ်... မိစ္ဆာလေးမဟုတ်ဘူး ငါ့မှာ အခုဆိုရင် အမေရော အဖေရောရှိတယ်!" ဝမ်ယွမ် မော်ကြွားစွာ ပြန်ပြောလိုက်လေသည်... သူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးက နှုတ်ခမ်းဆူတာပဲဖြစ်ဖြစ် မျက်မှောင်ကြုတ်တာပဲဖြစ်ဖြစ် အံ့အားသင့်စရာကောင်းတယ်....

"ဝမ်ယွမ် ဟုတ်လား.... မင်းကအရမ်းချစ်စရာကောင်းတယ် လုံးဝချစ်စရာလေး...." နဂါးနီလေးက ဝမ်ယွမ်ရဲ့ဖောင်းကားနေတဲ့ပါးတွေကို ဖျစ်ညှစ်ကာ ပြောလိုက်သည်.... ထို့အတွက်ကြောင့် ဝမ်ယွမ်လေးက ပိုလို့တောင် နှုတ်ခမ်းဆူလာလေ၏...

"ငါက ကလေးမဟုတ်ဘူး! ငါ့ပါးကိုမညှစ်နဲ့!" ဝမ်ယွမ်ပြန်ပြောလိုက်၏.... မိစ္ဆာနယ်မြေမှာတုန်းကလည်း အဲ့ဒီ့ကလူတွေက သူ့ကိုချစ်စရာကောင်းတယ်လို့ပြောပြီး ပါးကိုအမြဲတမ်းဆွဲဖျစ်နေတာမလို့ သူ့ပါးတွေက အမြဲတမ်းနီပြီးနာနေတာ.... သူ့အမေရှောင်ကျန့်နဲ့ သူ့အဖေဝမ်ရိပေါ်ပဲ သူ့ပါးကိုမဆွဲတာ... ဒါပေမဲ့ အခုတော့ ဒီနဂါးစုတ်က သူ့ကိုထပ်ပြီးအနိုင်ကျင့်နေပြန်ပြီ! သူ့ကိုချစ်စရာကောင်းတယ်လို့ပြောပြီး ပါးတွေကိုဆွဲညှစ်နေတယ်!

"မင်းကအရမ်းချစ်ဖို့ကောင်းနေလို့ မင်းပါးတွေကိုမဆွဲပဲမနေနိုင်ဘူး" နဂါးနီလေးက ထပ်ပြောကာ ဝမ်ယွမ့်ပါးတွေကို ဖြစ်ညှစ်ပြန်လေသည်.... ထိုအခါဝမ်ယွမ်လေးက နဂါးနီလေးဆီမှထွက်ပြေးတော့သည်... ထို့နောက် သူ့အဖေကို စာကြည့်ဆောင်မှာ တခြားလူတွေနဲ့စကားပြောနေတာ တွေ့လိုက်၏...

"ဖေဖေ သားကိုကယ်ပါအုန်း!အဲ့ကောင်က သားကိုချစ်စရာလေးကိုပြောပြီး ပါးကိုလိုက်ညှစ်နေတယ်!"ဝမ်ယွမ်တစ်ယောက် သူ့မျက်နှာကို ရိပေါ်ရင်ခွင်ထဲမှာဝှက်ပြီး ငိုရှိုက်ကာပြောလေသည်.... အမတ်သုံးယောက်ကတော့ မိစ္ဆာကောင်ငယ်လေးက အရမ်းချစ်စရာကောင်းတာကြောင့် အံ့အားသင့်နေလေ၏....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now