အပိုင်း(၃၇)

4.3K 405 4
                                    

[Unicode]

ဝမ်ရှင်းကိုယ်တိုင်လည်းတိတ်ဆိတ်နေကာ ကုချင်းတီးပြီးသီချင်းဆိုနေတဲ့ သူ့မယ်တော်ကိုကြည့်နေလေသည်... သူ့မယ်တော်သီချင်းဆိုတတ်တာကိုသူ မသိခဲ့ပေ... နတ်ဘုရားတွေကသူ့မယ်တော်နဲ့လာယှဉ်ပြိုင်ရင်တောင် သူ့မယ်တော်ရဲ့အသံကသူတို့ကိုအနိုင်ရနိုင်သည်! သူ့မယ်တော်ကအတော်ဆုံး! တစ်ကမ္ဘာလုံးကတောင်သူ့မယ်တော်ကိုယှဉ်နိုင်မှာမဟုတ်ဘူး!  ရိပေါ်ကမျက်လုံးမှိတ်ကာ သူ့အသွေးအသားထဲထိထိုးဖောက်နေတဲ့ သူ့ဧကရီလေးရဲ့ချစ်စရာကောင်းတဲ့အသံလေးကို နားထောင်နေလေသည်... သူ့ဧကရီ သီဆိုတဲ့ စကားလုံးတွေထဲက အချစ်တွေကို သူခံစားနိုင်လေ၏... သူကုချင်းတီးနေစဉ် ထွက်ပေါ်လာတဲ့ခံစားချက်တွေကလည်း အရမ်းလေးနက်နေလေသည်....

ရှောင်ကျန့်ဖျော်ဖြေလို့ပြီးသွားတဲ့အချိန်မှာတောင် ဘယ်သူမှမလှုပ်ကြ မျက်တောင်မခတ် စကားမပြောကြပေ... လူတိုင်းမှင်သက်နေကြ၏... သူတို့မျက်လုံးတွေက ထိုင်နေသေးတဲ့ရှောင်ကျန့်နဲ့ဝမ်ယွမ်ဆီမှအကြည့်မလွှဲနိုင်ကြပေ... ရှောင်ကျန့်က သူ့ကိုကြည့်နေတဲ့ ဝမ်ယွမ်လေးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏... ထိုအခိုက် ဝမ်ရှင်းကထအော်လိုက်တာကြောင့် အမတ်တွေနဲ့လူတွေအကုန်အာရုံပြန်ရောက်လာကာ စတင်လက်ခုပ်တီးကြလေတော့သည်... ဒီလိုသီချင်းတစ်ပုဒ်ကို သူတို့အရင်တုန်းကမကြားဖူးပေ... ကုချင်းစွမ်းရည်ကလည်းအရမ်းအံ့အားသင့်စရာကောင်း၏... ရိပေါ်လည်း ထိုင်ခုံမှထကာ ရှောင်ကျန့်နဲ့ဝမ်ယွမ်ဆီသို့ လျှောက်သွားလေသည်... သူဝမ်ယွမ့်နှဖူးကိုနမ်းကာ ဂုဏ်ပြုသည့်သဘောဖြင့် ခေါင်းလေးကိုပုတ်ပေးလိုက်၏.... ဝမ်ရှင်းကလည်း ရှောင်ကျန့်ရဲ့ဝတ်ရုံစကိုဖမ်းဆုပ်ဖို့ကြိုးစားလေသည်... ရှောင်ကျန့်တ ကလေးကိုချီလိုက်ပြီး သူ့ကိုကြည့်နေတဲ့ရိပေါ်ကိုပြန်ကြည့်လိုက်သည်...

ရိပေါ် ရှောင်ကျန့်ခါးလေးကိုကိုင်ကာ သူ့အနားရောက်အောင်ဆွဲလိုက်သည်.. လူတွေခေါင်းငုံ့လိုက်၏... မနာလိုမှုတွေနဲ့တောက်လောင်နေတဲ့ကောရွမ်က မတ်တပ်ရပ်ပြီး အဲ့အသုံးမကျတဲ့ကောင်ကိုသတ်မလို့လုပ်လိုက်ပေမဲ့ သူမကို သူမအမေကတားလိုက်၏... သူမကသာ အရှင်မင်းကြီးရဲ့ဘေးမှာရှိနေရမယ့်လူ! သူမကသာ အရှင်မင်းကြီးဖက်ထားရမယ်လူ!  အဲ့အသုံးမကျတဲ့ကောင်ကိုမဟုတ်ဘဲ သူမကိုသာ အရှင်ကပြုးပြရမှာ! ရှောင်ကျန့်ကြောင့်သာမဟုတ်ရင် သူမဒီလိုဖြစ်နေမှာမဟုတ်ဘူး! အဲ့ကောင်က အရှင့်ကိုသွေးဆောင်ဖျားယောင်းပြီး အရှင်က သူမကိုမေ့သွားကာ သူ့ကိုပဲတွေးနေအောင်လုပ်ထားတာပြုစားထားတာ! 

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now