အပိုင်း(၃၈)

4.3K 389 2
                                    


[Unicode]

"အရှင်မင်းကြီး.... သူမကိုရှာတွေ့တော့ သေလုနီးပါးဖြစ်နေပါတယ်... မြွေမိစ္ဆာလေးကြောင့် သူမအဆိပ်မိနေပုံပေါ်ပြီး ဒုတိယအကြိမ် အိမ်ရှေ့စံကတိုက်ခိုက်လိုက်တာကြောင့် သူမသေလုနီးပါးဖြစ်သွားတာပါ... ကျွန်တော်တို့သူမကိုသတ်လိုက်ရမလား" လျှို့ဝှက်ကိုယ်ရံတော်တစ်ယောက်က ဘုရင်မင်းမြတ်ကိုမေးလိုက်လေသည်...

"မသတ်နဲ့အုံး... အဲ့မိန်းမကိုအကျဉ်းချထားလိုက်.. ငါကိုယ်တော်ဧကရီ့ကိုဂရုစိုက်လိုက်မယ်" ရိပေါ်ညွှန်ကြားလိုက်ပြီး ဖျော်ဖြေပွဲကိုဆက်ကြည့်လိုက်၏... သို့သော် စိတ်ဝင်စားစရာမရှိတာကြောင့် စောစောသိမ်းဖို့ဆုံးဖြတ်လိုက်သည်... သူဘယ်လိုလုပ်ရမလဲဆိုတာ သူသိသွား၏... သူ့ကိုယ်ခွဲကိုပွဲတော်မှာထားခဲ့ပြီး ကိုယ်ဖျောက်ကာ ရှောင်ကျန့်ရှေ့၌ပြန်ပေါ်လာသည်.... ထို့အခါ အခုထိစိတ်မလျှော့သေးတဲ့ဝမ်ရှင်းကိုတင်းတင်းကျပ်ကျပ်ဖက်ထားကာ ရှောင်ကျန့်အော်ဟစ်လေသည်... ကောရွမ် ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကိုသတ်ဖို့ရောက်လာတာကြောင့်ဟုထင်နေတာကြောင့်ဖြစ်၏... 

"ဧကရီလေး... ကိုယ်ပါ မင်းရဲ့ခင်ပွန်းပါ မကြောက်ပါနဲ့တော့" ရိပေါ်ညင်ညင်သာသာပြောကာ ဝမ်ရှင်းကိုအလယ်မှာထားလျက် ရှောင်ကျန့်အားဖက်ထားလိုက်လေသည်... ရှောင်ကျန့်ကတော့ မျက်မှောင်ကြုတ်လျက်ရိပေါ်ကိုတွန်းထုတ်လေသည်... 

"ကျွန်တော်နဲ့သား အသတ်ခံရမလိုဖြစ်တုန်းကခင်ဗျားဘယ်ရောက်နေလဲ... ထွက်သွား!"  ရှောင်ကျန့်အော်ထုတ်ကာ အကြည့်လွှဲလိုက်၏... သူအသတ်ခံရလုနီးပါးဖြစ်သွားတာကြောင့် ကောင်းကောင်းသတိထားရမယ်... သူက ကူညီဖို့တောင်မလာခဲ့ဘဲနဲ့ အခုမှဂရုစိုက်သလိုလာဟန်ဆောင်နေတယ်....

"ဝမ်းမနည်းပါနဲ့.. ကိုယ်တို့အန္တရာယ်ဖြစ်စေဖို့လုံးဝမရည်ရွယ်ခဲ့ဘူး... ကိုယ်တို့ကလေးရဲ့စွမ်းအားကိုနိုးထလာဖို့လုပ်လိုက်တာ... ပြီးတော့ ကောရွမ်ကမင်းကိုလုံးဝထိခိုက်အောင်မလုပ်နိုင်ဘူဆိုတာ ကိုယ်တို့သိတယ်လေ" ရိပေါ်ရဲ့စကားတွေက ရှောင်ကျန့်ကို ပိုပြီးဒေါသထွက်သွားစေလေသည်...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now