အပိုင်း(၁၇)

6.7K 634 12
                                    


[Unicode]

Baby : မယ်တော်...ထတော့!...မယ်တော် အခုချက်ချင်းထတော့လို့!

ကလေးက သူ့မယ်တော်ကိုစကားပြောဖို့ ကြိုးစားနေပေမဲ့ သူ ဘာတုံ့ပြန်မှုမှပြန်မရပေ.... မယ်တော်က အားတဲ့အချိန်တိုင်းသူ့ဗိုက်ကိုသူပွတ်သပ်နေလေ့ရှိသည်... အဲ့အပြုအမူက နဂါးလေးကိုအမြဲတမ်းနွေးထွေးမှုပေး၏ သို့သော်လည်း အခုတော့ သူ့မယ်တော်ကလှုပ်တောင်မလှုပ်တာကြောင့် နဂါးလေးကမျက်ရည်ကျလာလေသည်...သူ့မယ်တော်ကနိုးမလာဘူး....ငိုနေတဲ့နဂါးလေးက အခြားတစ်စုံတစ်ယောက်ရောက်လာတာကိုခံစားမိတော့ အငိုရပ်သွားလေသည်..သူမမြင်နိုင်ပေမဲ့ ခံစားလို့ရ၏....

အသက်နှစ်တစ်ရာလောက်ရှိနေပြီဖြစ်တဲ့ မြွေညိုလေးတစ်ကောင်က တစ်ယောက်ယောက်ငိုနေတာကိုကြားတဲ့အတွက် ဘယ်သူလဲဆိုတာသွားကြည့်လိုက်တော့ ရေခဲခုတင်ပေါ်မှာလှဲနေတဲ့ လူတစ်ယောက်ကိုမြင်လိုက်သည်... မြွေလေးက ရှောင်ကျန့်ရဲ့ဖောင်းနေတဲ့ဗိုက်ပေါ်ကို တက်သွားလိုက်၏... ဗိုက်ထဲမှာ အခြားသက်ရှိတစ်ခုရှိနေတာကို ခံစားမိတဲ့အခါ မြွေလေးမျက်လုံးပြူးသွား၏....

Baby : ဘယ်သူလဲ... ငါ့မယ်တော်နားကနေ အခုချက်ချင်းထွက်သွားစမ်း!!

Little snake : သူကလည်း ငါ့အမေပဲ! ငါသူ့ကိုကြိုက်တယ်!

မြွေလေးကပြန်ဖြေပြီး လက်ခုပ်တီးလိုက်သည်... နဂါးလေးကအံ့ဩသွား၏ သူအရမ်းချစ်ရတဲ့မယ်တော်ကို အခြားအသုံးမကျတဲ့ကလေးတွေက မယ်တော်လို့ခေါ်လိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထားဘူး! အဲ့ကောင်က သူ့မယ်တော်ကို ပေါ်တင်ခိုးနေတာ!! သူအခုချက်ချင်းအပြင်ထွက်ပြီး သူ့မယ်တော်ကို လာခိုးနေတဲ့ ကျူးကျော်ကောင်ကိုတားချင်နေတယ်....

ရှောင်ကျန့် သူ့အပေါ်မှာတစ်ယောက်ယောက်ထိုင်နေပြီး သူ့လက်ချောင်းတွေကိုမနေတာ ခံစားမိ၏... ရှောင်ကျန့်ဗိုက်ထဲမှာရှိတဲ့ ကလေးက သူ့မယ်တော်လှုပ်ရှားလာကို ခံစားမိတော့ အသံပေးလိုက်သည်....

ဟုတ်ပြီ...မယ်တော် ထပြီးတော့ အဲ့သူခိုးကိုကန်ထုတ်ပစ်လိုက်! သူက မယ်တော့်ကို ကျွန်တော့်ဆီကခိုးယူသွားချင်နေတာ!!

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now