အပိုင်း(၄၅)

4K 332 5
                                    


[Unicode]

"ရေဆာတယ်... အရမ်းလည်းပင်ပန်းတယ်... ငါ...." ရှောင်ကျန့်တိုးတိုးလေးပြောလိုက်ပြီးနောက် အမြင်အာရုံတွေဝေဝါးလာကာ လဲကျသွားတော့သည်... ထိုအခါ  ရှောင်ကျန့်ကိုစောင့်ကြည့်ဖို့တာဝန်ပေးခံထားရတဲ့ကိုယ်ရံတော်နဲ့အတူ လျှို့ဝှက်ကိုယ်ရံတော်နှစ်ယောက်ရော ပေါ်လာလေသည်... သူတို့ ဂရုတစိုက်နဲ့ ဧကရီ့ကိုစစ်ဆေးကြည့်လိုက်၏...

"ဧကရီအဆင်ပြေတယ်... သူမောပန်းသွားရုံပဲ... အရှင်မင်းကြီးကို သွားသတင်းပို့ပြီး တော်ဝင်သမားတော်ကိုဆင့်ခေါ်လိုက်" လျှို့ဝှက်ကိုယ်ရံတော်(၁)က ညွှန်ကြားပြီးနောက် ဧကရီ့အား ဘုရင့်နန်းဆောင်ကိုပွေ့ချီလာလိုက်သည်... တစ်ခဏလောက်ကြာတော့ အရှင်မင်းကြီး၊ ဝမ်ယွမ်နဲ့ တော်ဝင််သမားတော်တို့ရောက်လာကြသည်... 

"ဧကရီဒူးထောက်နေခဲ့တာဘယ်လောက်ကြာလဲ" သမားတော်က မတ်တပ်ရပ်နေဆဲဖြစ်တဲ့ ကိုယ်ရံတော်ကို မေးလိုက်သည်....

"မိနစ်လေးဆယ်လောက်" ကိုယ်ရံတော်က ပြန်ဖြေလိုက်၏... ရိပေါ် သူ့သားနဲ့ ကိုယ်ရံတော်ကိုကြည့်ကာ သူတို့နှစ်ယောက်အား ထွက်သွားဖို့အမူအယာပြလိုက်သည်...

"ကိုယ်တော့်ကိုလိမ်းဆေးပေး... ကိုယ်တော်လိမ်းပေးလိုက်မယ်.. သူပင်ပန်းနေရုံပဲလို့ပြောတယ်မလား ကိုယ်တော် ဧကရီ့ကိုဂရုစိုက်လိုက်မယ်" ရိပေါ်ဆိုကာ သမားတော်ထွက်သွားပြီးနောက် ရှောင်ကျန့်ဝတ်ရုံတွေကို ချွတ်လိုက်သည်... သူ့ဒူးကနီနေပြီး အနည်းငယ်ယောင်နေတာကြောင့် ရိပေါ်လိမ်းဆေးကိုယူကာ ရှောင်ကျန့်ဒူးကိုလိမ်းပေးလိုက်သည်... ရှောင်ကျန့်က နာကျင်နေတာကြောင့် ရှုံ့မဲ့နေလေ၏... " မင်းသည်းမခံနိုင်စရာမဖြစ်သင့်ဘူး... ကိုယ်ကဘုရင်ဖြစ်တာကြောင့် မင်းကိုယ့်ကိုလေးစားရမယ်.. မင်းက ကိုယ်ရဲ့ဧကရီဖြစ်တာမလို့ မင်းကိုယ့်နေရာကိုယ်သိရမယ်... ကိုယ်မင်းကို သည်းခံနေပေမဲ့ မင်းကအခု အထိန်းအကွပ်မရှိဖြစ်လာပုံပေါ်တယ်" ရိပေါ်တီးတိုးပြောလိုက်ပြီး ဆေးလိမ်းပေးပြီးနောက် ရှောင်ကျန့်ကို အဝတ်ပြန်ဝတ်ပေးလိုက်သည်....သူရှောင်ကျန့်နှဖူးကိုနမ်းလိုက်ပြီးနောက် ရှောင်ကျန့်ကိုတစ်ယောက်တည်းထားခဲ့ကာ ထွက်သွားလေသည်...  သူစာကြည့်ဆောင်ကိုသွားတော့မယ့်အချိန်မှာ ရှောင်ကျန့်မိဘတွေနဲ့ သူ့မိဘတွေက ရှောင်ကျန့်ဆီကိုလာလည်ကြ၏... လူကြီးတွေကို ရိပေါ်နှုတ်ဆက်ကာ ရှောင်ကျန့်အနားယူနေတဲ့အခန်းကို ခေါ်သွားလိုက်သည်...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now