အပိုင်း(၇)

9.5K 730 6
                                    

[Unicode]

ရှောင်ကျန့်မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာကြောင့် သူမကိုတိတ်တဆိတ်ကြည့်ပြီး လှောင်ပြုံးပြုံးပြလိုက်သည်...ဧကရီ့ရဲ့ အကြည့်နဲ့အပြုအမူက ဘာသဘောလဲဆိုတာကို သူမမြန်မြန်သဘောပေါက်သွားတယ်.... သူလှည့်စားလိုက်တာ သူမဒီကိုလာမယ်ဆိုတာကိုခန့်မှန်းမိပြီး အကုန်လုံးစီစဉ်ထားခဲ့တာပဲ.....
"မင်း သေ ပြီ" ရှောင်ကျန့်ကနှုတ်ခမ်းလှုပ်ရုံလေးပဲပြောလိုက်တယ်...ရှောင်ကျန့်လုပ်လိုက်တဲ့နှုတ်ခမ်းအမူအယာရဲ့ အဓိပ္ပာယ်ကိုသိတာနဲ့ သူမ ချက်ချင်းမတ်တပ်ရပ်လိုက်၏ ....

ရှောင်ကျန့် - 1

ကောရွမ် - 0

"မယ်တော်ကြီး...အရှင်မင်းကြီး...သူလုပ်တာပါ သူအစထဲကအကုန်လုံးကြံစည်ထားတာပါ" ရှောင်ကျန့်တစ်ကိုယ်လုံးကို ကိုက်စားတော့မတတ် စူးရှမုန်းတီးစွာကြည့်ရင်း အော်ပြောလိုက်သည်....

"ပါးစပ်ပိတ်ထား... ငါကိုယ်တော်မင်းကို ဧကရီ့အဆောင်ကိုမလာဖို့ သတိပေးထားခဲ့တယ်...ဒါပေမဲ့ မင်းငါ့အမိန့်ကိုဖီဆန်တုန်းပဲ " ရိ‌ပေါ်အသံက သူမကိုဒူးထောက်သွားစေပြီး ရှောင်ကျန့်ပင်လျှင် ရိပေါ်ကိုတစ်ခဏလောက်ကြောက်ရွံ့သွား၏...သူ့မျက်နှာကဖြူဖျော့နေပြီး အနီးကပ်ကြည့်မယ်ဆိုရင် တုန်နေတာတွေ့ရလိမ့်မယ်..မသိရင် အရှင်မင်းကြီးအော်နေတာက ဧကရီလို့ထင်ကောင်းထင်နိုင်တယ်...ဥယျာဉ်ကဧကရီတစ်ယောက်တည်းနေခွင့်ရှိတဲ့ နေရာဖြစ်တာကြောင့် သူ့ရဲ့ကိုယ်ပိုင်အစေခံတွေက သူလိုအပ်တာလုပ်ပေးမို့ ဒီမှာရှိနေနိုင်တယ်...ဧကရီ့ကိုတိတ်တိတ်လေးကာကွယ်ပေးဖို့ ဘုရင်ကတာဝန်ပေးထားတဲ့ လျှို့ဝှက်ကိုယ်ရံတော်တွေကလည်း တုန်လှုပ်သွား၏....သူတို့ရဲ့ဘုရင်က သူ့အနှစ်သက်ဆုံးကြင်ယာတော်ကို ဒီလိုမျိုးစိတ်ဆိုးတာ လုံးဝမတွေ့ဖူးဘူး...

"အ..အရှင်မင်းကြီး..ကျွန်မကောရွမ်လေ..ဧကရီအန္တရာယ်ဖြစ်အောင်ကျွန်မဘာမှမလုပ်ပါဘူး.. ဧကရီဘယ်လိုနေလဲဆိုတာကိုပဲ လာကြည့်တာပါ" သူမစကားပြောလိုက်၏..မယ်တော်ကြီးကတော့ သူမကိုကဲ့ရဲ့လိုက်ပြီး သူမသားကိုတစ်လှည့် ဒူးထောက်နေတဲ့ကောရွမ်ကိုတစ်လှည့်ကြည့်လိုက်လေသည်..

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now