အပိုင်း(၈)

8.6K 700 8
                                    

[Unicode]

ရှောင်ကျန့်တစ်ယောက် သူ့ရဲ့နေ့ရက်အချို့ကို မူလပိုင်ရှင်အကြောင်း ပိုသိအောင်လေ့လာရင်းကုန်ဆုံးနေသည် ပထမဆုံးသူသိလိုက်တာက မူလပိုင်ရှင်ရဲ့ခန္ဓာကိုယ်က သူနဲ့အတိအကျနီးပါးတူတယ် ဒီခန္ဓာကိုယ်က ပိုပြီးချောမွေ့နေတာရယ် အသားပိုဖြူပြီး မိန်းမပိုဆန်နေတာရယ်ကလွဲလို့ပေါ့..နောက်တစ်ခုက နာမည်လည်းတူတူပဲ တစ်ခုတည်းသောကွဲပြားချက်က ဒီခန္ဓာကိုယ်ကပိုပြီးအားနည်းနေတာ....အထူးသဖြင့် မိန်းကလေးတွေပါကိုယ်ခံပညာတတ်ကျွမ်းတဲ့ဒီခေတ်မှာ မိန်းမတစ်ယောက်ကတောင် သူ့ကိုကောင်းကောင်းရိုက်နိုင်မှာသေချာတယ်....

သမားတော်က သူ့ကိုအတိတ်မေ့နေတယ်လို့ပြောသွားတာမလို့ Ningကို မူလပိုင်ရှင်ရဲ့အကြောင်းတွေမေးလိုက်၏ Ningက မ‌တော်တဆမှုကြောင့် သူ့သခင်မှတ်ဉာဏ်ပျောက်သွားတာကို လုံးဝသံသယမဝင်ခဲ့ဘူး..ဒါကြောင့် သူ့သခင်ကို အရင်တုန်းကအကြောင်းတွေ ပြောပြဖို့ဆုံးဖြတ်လိုက်သည်...

Ning ပြောတာက မူလရှောင်ကျန့်သည် သူတို့တိုင်းပြည်မှာထင်ရှားတဲ့စစ်သူကြီးတစ်ယောက်ရဲ့ တစ်ဦးတည်းသောသားဖြစ်တယ် သူ့ခန္ဓာကိုယ်က ငယ်ငယ်ထဲကအားနည်းပြီး တခြားလူတွေလိုကိုယ်ခံပညာမသင်နိုင်ခဲ့ဘူး သူတို့မိသားစုကဩဇာကြီးတာကြောင့် အရင်မင်းကြီးက စစ််သူကြီးရဲ့သားကို ဧကရီဖြစ်လာစေခဲ့သည် ... ဒီနေရာမှာလိင်တူလက်ထပ်တာက ပုံမှန်ကိစ္စရပ်ဖြစ်တဲ့အပြင် အမျိုးသားတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်ပြီး ဧကရီဖြစ်လာနိုင်တာကပါ ပုံမှန်ပဲဖြစ်သည်..ရှောင်ကျန့်က အရှင်မင်းကြီးကို ပထမဆုံးတွေ့တဲ့အချိန်မှာပဲ ချစ်မိသွားခဲ့တယ်..ဒါကြောင့် အရှင်မင်းကြီးကိုလက်ထပ်ပြီး ဧကရီဖြစ်လာရမယ်ဆိုတာ သူသိတဲ့အချိန်မှာ ရှောင်ကျန့်အရမ်းကိုပျော်သွားခဲ့တယ်....ဘာလို့လဲဆို အနည်းဆုံးတော့ သူနက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့လူနဲ့ လက်ထပ်ရမှာလေ...

သူနန်းတော်ကိုပထမဆုံးရောက်တဲ့အချိန်မှာပဲ ထိမ်းမြားလက်ထပ်ပွဲကို ထုံးတမ်းအစဉ်အလာတိုင်း ကျင်းပခဲ့တယ်..သို့သော် ရှင်ဘုရင်ကတော့ သူ့ဧကရီအပေါ်မှာ ခံစားချက်လုံးဝမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြခဲ့တယ်...အရှင်မင်းကြီးက သူသိရုံပဲသိပြီး ချစ်တောင်မချစ်တဲ့ ယောကျ်ားတစ်ယောက်ကို သူ့ရဲ့ဧကရီအဖြစ်ထားရမယ်လို့ လုံးဝမမျှော်လင့်ထားဘူး... ဘုရင်မင်းမြတ်ကအခြားတစ်ယောက်ကိုချစ်နေပြီး အဲ့တစ်ယောက်က ကောရွမ်ပဲဖြစ်သည်....သူမကို သူ့ရဲ့ဧကရီဖြစ်လာစေရမယ်လို့ ကတိတောင်ပေးထားခဲ့ပေမဲ့ သူစီစဥ်သလိုဖြစ်မလာခဲ့ဘူး....အဆုံးသတ်မှာကောရွမ်က ကြင်ယာတော်သာဖြစ်လာတဲ့အတွက် အရှင်မင်းကြီးနောက်ကွယ်မှာ ရှောင်ကျန့်ကို အမျိုးမျိုးနှိပ်စက်ပြီးဒုက္ခပေးခဲ့တယ်...ပြောင်းပြန်အနေနဲ့ ‌ရှောင်ကျန့်ကသာ သူမကိုအနိုင်ကျင့်တယ်ဆိုပြီးအများရှေ့မှာဟန်ဆောင်တယ်..ဒီအကြောင်းတွေကြောင့် မင်းကြီးက ရှောင်ကျန့်ကို မုန်းသထက်မုန်းလာတယ်...နန်းတော်ထဲကလူတိုင်းက အရှင်မင်းကြီးချစ်တဲ့တစ်ဦးတည်းသောသူက ကောရွမ်ဆိုပြီးသိလာကြတယ်...မင်းကြီးက လူမြင်ကွင်းမှာတောင်မှ ကောရွမ်ကိုဂရုစိုက်ပြပေမဲ့ သူ့ရဲ့ဧကရီကိုတော့ ဘယ်တုန်းကဂရုမစိုက်ကြောင်း လူတွေသိအောင်ပြခဲ့သည်.......

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now