အပိုင်း(၉)

8.6K 680 5
                                    

[Unicode]

အပိုင်း(၇) မှအဆက်

"မင်းလိုချင်တဲ့ဆန္ဒတွေပြည့်အောင်ကူညီမလို့ပါ မင်းဆီကလုယူခံရတော့မယ့်အရာကို ငါပြန်ယူပေးမယ် မင်းလိုချင်တဲ့အရာမှန်သမျှ ငါထောက်ပံ့ပေးမယ်" လူစိမ်းကပြန်ဖြေလိုက်သည်....

*********************

သူ့ပုံစံက ဘာမှမဟုတ်ပေမဲ့လို့ သူ့အငွေ့အသက်တွေကမကောင်းဆိုးရွားဆန်နေတဲ့လူစိမ်းကို ကောရွမ်ကြည့်လိုက်၏... "ကျွန်မက ရှင်လှည့်စားတာကို ယုံမယ့်အရူးလို့ထင်နေတာလား...ကျွန်မလိုချင်တဲ့လူကို ကျွန်မဘာသာရအောင်လုပ်နိုင်တယ် ရှင့်အကူအညီမလိုဘူး" လို့ကောရွမ်ပြန်ဖြေလိုက်သည်...ထိုအခါ ထေ့ငေါ့ပြီးရီသံတစ်ခုက ကြင်ယာတော့်အခန်းထဲက ထွက်လာသည်...အဲ့အသံကိုကြားတဲ့မည်သူမဆို ရုတ်တရတ် ထူးထူးဆန်းဆန်း ကျောချမ်းလာနိုင်သည်....

"မင်းကသေချာရဲ့လား...မင်းသာအဲ့လိုလုပ်နိုင်စွမ်းရှိရင် မင်းပိုင်ဆိုင်တဲ့အရာကို သွားတောင်းရမယ့်အစား ဒီမှာဘာလို့ငိုနေတာလဲ! လူသားတွေက တကယ်နားလည်ရခက်တာပဲ" ထိုကဲ့သို့လူစိမ်းပြန်ပြောလိုက်တဲ့စကားက ကောရွမ်ရဲ့မျက်နှာကို အနီရောင်ပြောင်းသွားတဲ့အထိ ဒေါသထွက်သွားစေသည်..

"ရှင်....ရှင်" တစ်ကိုယ်လုံးအနက်ရောင်တွေနဲ့ပြည့်နေတဲ့လူစိမ်းကို လက်ညှိုးထိုးရင်းအော်လိုက်၏...

"မင်း ငါ့အကူအညီကိုလိုရင် ဘယ်ချိန်မဆိုခေါ်လို့ရတယ် အရမ်းနောက်မကျခင်ခေါ်ဖို့တော့ သတိရပါ မင်းဘယ်လိုလူမျိုးကိုရင်ဆိုင်နေရလဲဆိုတာ မသိပါဘူး" လို့အဲ့လူက ပြောပြီးတာနဲ့ပျောက်သွားလေသည်.. ထိုလူပျောက်သွားတဲ့အချိန်မှာ ထွက်လာတဲ့ အနက်ရောင်အလင်းတွေကြောင့် သူမမျက်လုံးတွေပိတ်လိုက်ရ၏...ထိုနောက် လူစိမ်းပြောသွားတဲ့အရာတွေကိုတွေးရင်း ထိုင်ချလိုက်သည်....

" အဲ့ကောင်ကဘယ်သူနဲ့ရင်ဆိုင်ဖို့ ကြိုးစားနေတာလဲဆိုတာမသိသေးဘူး.. ဧကရီ.... ငါနင့်ဘဝကို ရှင်လျက်နဲ့ငရဲကျသလိုခံစားရအောင် လုပ်ပြမယ်" သူမမျက်လုံးတွေမှာ ယုတ်မာကောက်ကျစ်မှုတွေ ပါဝင်နေလျက် တီးတိုးပြောလိုက်သည်...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now