အပိုင်း(၄၈)

4K 288 0
                                    


[Unicode]

ရိပေါ်ရဲ့အာရုံက လက်သီးလေးတွေကိုဆုပ်ကာ သူတို့ဆီကိုလာနေတဲ့ရှောင်ကျန့်ကိုလက်ကမ်းနေတဲ့ ဝမ်ရှင်းဆီကိုပြန်ရောက်လာလေသည်....

"အရှင်မင်းကြီး နှုတ်ဆက်ဂါဝရပြုပါတယ်" ရှောင်ကျန့်တစ်ယာက် သူသင်ယူထားတဲ့ ကျင်းဝတ်ထုံးတမ်းတွေအတိုင်းနှုတ်ဆက်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်.... ရိပေါ်ကျေနပ်သွားကာ သူပြန်မဖြေခင် ရှောင်ကျန့်ကို ခဏလောက်ကြည့်နေလိုက်သည်...

"ဒီကိုလာ... ကိုယ်ဘေးမှာထိုင် ဧကရီ" ရိပေါ်ပြန်ဖြေလိုက်၏... ရှောင်ကျန့်ကျေးဇူးတင်ကားပြောပြီး ထိုင်လိုက်သည်... ဝမ်ရှင်းလေးမှာ ရှောင်ကျန့်ရဲ့ဝတ်ရုံစကိုစုပ်ကိုင်ရင်း ဘယ်သူမှနားမလည်နိုင်တဲ့ကလေးစကားတွေကို ပါးစပ်ပိတ်ချည်ပွင့်ချည်လုပ်ကာပြောနေလေသည်... အစေခံတွေတည်ခင်းပေးတဲ့ရှောင်ကျန့်သောက်လိုက်ပြီး ဝမ်ရှင်းအတွက် နို့အချို့ယူလာခိုင်းလိုက်၏... ဝမ်ယွမ်ကတော့ သူ့မယ်တော်ကိုလက်ပြနှုတ်ဆက်လိုက်ပြီး သူ့အတွက်ပြင်ဆင်ပေးထားတဲ့ သရေစာမုန့်တွေကို ဆက်စားနေလိုက်သည်... နို့ကိုချက်ချင်းယူလာလေသည်... ရှောင်ကျန့်သူ့သားကိုနို့တိုက်လိုက်ပေမဲ့လည်း အကုန်လုံးကိုထွေးထုတ်ကာ စငိုတော့လေ၏... ဝမ်ရှင်းထွေးထုတ်လိုက်တဲ့နို့တွေက ရှောင်ကျန့်ဝတ်ရုံမှာပေသွားတဲ့အခါ ရှောင်ကျန့်မျက်မှောင်ကြုတ်လိုက်လေသည်....

"ဧကရီ ဒီနေ့ထူးခြားနေတယ်... ပြီးတော့ အရမ်းလည်း...."ရိပေါ်ပြောပြီး ရှောင်ကျန့်ရနံ့ကိုရှူရှိုက်ဖို့ အနားကပ်သွားလေသည်.... ထို့နောက် ရိပေါ်နှုတ်ခမ်းသပ်ကာ နောက်ကိုပြန်ဆုတ်လိုက်ပြီး သူဘာမှမပြောသလို ဘာမှမလုပ်သလိုဟန်ဆောင်ရင််း လက်ဖက်ရည်ဆက်သောက်နေလေ၏.. ရှောင်ကျန့်ကသာ ရှက်ရွံ့နေလေသည်....

"အရှင်... ကျွန်တော် အိမ်ရှေ့စံကိုသန့်စင်ပေးလိုက်အုန်းမယ်... ခွင့်ပြုပါအုံး" ငိုနေတဲ့ဝမ်ရှင်းကိုချီကာရှောင်ကျန့်ထလိုက်သည်... ရိပေါ်တစ်‌ယောက် ရှောင်ကျန့်သူ့မျက်စိရှေ့ကပျောက်သွားတဲ့အထိ လိုက်ကြည့်နေလေသည်... သူရှောင်ကျန့်နားကိုကပ်ခဲ့တာကြောင့် သူ့ဧကရီရဲ့ရနံ့စွဲနေသေးတဲ့သူ့လက်ကို ရှူလိုက်လေသည်... အော်ဟစ်ငိုကြွေးနေတဲ့ဝမ်ရှင်းအား ဝမ်ရိပေါ်ရဲ့အိပ်ရာပေါ်ကိုတင်လိုက်သည်... ဝမ်ရှင်းက ပိုလို့တောင်ကျယ်လောင်စွာငိုကြွေးလာတာကြောင့် ရှောင်ကျန့်မထီမဲ့မြင်လုပ်လိုက်လေသည်...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now