အပိုင်း(၁၁)

8.2K 667 4
                                    


[Unicode]

နဂါးနီလေးက အရှင်မင်းကြီးကိုမြင်တာနဲ့ ချက်ချင်းကိုထွက်သွား၏.....ရိပေါ်က သူ့ကိိုမြင်လိုက်တာနဲ့ အဲ့ဆိုးသွမ်းတဲ့နဂါးလေးကဧကရီနဲ့ကြံရာပါဆိုတာ ချက်ချင်းသိလိုက်သည်...ရိပေါ်ပျံသန်းပြီး ရှောင်ကျန့်ရှေ့မှာ ရုတ်တရတ်ရပ်လိုက်သည်...

"အ...အရှင်က အ...အတောင်တွေမပါဘဲနဲ့တောင်ပျံနိုင်တယ်? ကျွန်....ကျွန်တော် ဒီ....ဒီကို လေကောင်းလေသန့်ရဖို့လာတာပါ" ရှောင်ကျန့်တစ်ယောက် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း စကားထစ်နေတာကြောင့် ဘယ်မဆို သူလိမ်ပြောနေကြောင်း အလွယ်တကူသိနိုင်သည်...

"ဪ... လက်ထဲမှာကြိုးတစ်ချောင်းကိုင်ထားပြီး မျက်နှာပေါ်မှာလဲထူးထူးဆန်းဆန်းမိတ်ကပ်တွေနဲ့ အစေခံဝတ်စုံဝတ်ထားပြီးမှ ကိုယ်တော့်ရဲ့နန်းတော်ထဲမှာလေကောင်းလေသန့်ရတာလား"ရိပေါ်ရဲ့အမေးကြောင့် ရှောင်ကျန့်သူ့နှုတ်ခမ်းသူပြန်ကိုက်နေ၏....သူသေချာပေါက်အပြစ်ပေးခံရတော့မှာ..ရုပ်ရှင်တွေထဲမှာလိုမျိုး ခေါင်းဖြတ်ခံရနိုင်တယ်..ရုပ်ရှင်ထဲမှာဆိုရင် နန်းတော်အပြင်ကိုခိုးထွက်လို့ မိသွားတာနဲ့ချက်ချင်းခေါင်းဖြတ်ခံရတာ... ရှောင်ကျန့်တွေးနေရင်း ကြောက်ရွံ့မှုကြောင့် တုန်ယင်လာ၏....

"အ...အရှင်မင်းကြီး...အရှင်မှားနေပြီ..ကျွန်တော်ကအရှင်အခုပျံလိုက်သလိုမျိုး ဘယ်လိုပျံရလဲဆိုတာသိချင်လို့ပါ..အရှင်သိတဲ့အတိုင်း ကျွန်တော်က သိုင်းပညာနဲ့ပတ်သတ်လို့ဘာမှမသိဘူးလေ.. အကယ်၍ ကျွန်တော်ဒီကြိုးရဲ့တစ်ဖက်ကိုသစ်ကိုင်းမှာချည်ပြီး နောက်တစ်ဖက်ကို ကျွန်တော့်ရဲ့ခါးမှာချည်လိုက်မယ်ဆိုရင် လေထဲမှလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်လောက်တယ်" ရိပေါ်က သူ့ဧကရီရှင်းပြတာကိုနားထောင်ရင်း သက်ပြင်းချလိုက်၏...သူ့ဧကရီကတော်တော်ရှုပ်ထွေးတာပဲ...သူသာအပြင်ထွက်ချင်ရင် ဒီလိုအသုံးမဝင်တဲ့ ရှင်းပြချက်တွေအစား သူ့(ရိပေါ်)ကို ခွင့်ပြုချက်တောင်းဖို့ပဲလိုတယ်....

"လေထဲမှာပျံရင် ဘယ်လိုခံစားရလဲသိချင်တာများ ကိုယ်တော်မင်းကိုကူညီမှာပေါ့" ရှောင်ကျန့်ပြန်မဖြေနိုင်သေးခင်မှာပဲ သူဝတ်ထားတာတွေက အဆင်ပြေတဲ့ဝတ်စုံအဖြစ်ပြောင်းသွား၏.... ရှောင်ကျန့်လန့်ပြီးအော်လိုက်သည် မင်းကြီးက မှော်ပညာဘယ်လိုသုံးရမလဲဆိုတာသိပုံပေါ်သည်... ရိပေါ်ရဲ့လက်တွေက ရှောင်ကျန့်ခါးကိုဖက်လိုက်ပြီး ရှောင်ကျန့်ကလည်း ရိပေါ်ရဲ့လည်ပင်းမှာ သူ့လက်တွေကို မပြောဘဲ ရစ်ပတ်ထားလိုက်လေ၏... ကောရွမ်က အရှင်မင်းကြီးကိုလာတွေ့ပေမဲ့ ဧကရီနဲ့ အရှင်က အရမ်းကိုနီးကပ်နေမယ်လို့ မထင်ထားဘူး..

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now