အပိုင်း(၁၉)

6.7K 569 2
                                    


[Unicode]

"မင်းမုန်းတီးနေတဲ့လူကိုသတ်ဖို့ ငါကူညီပြီးပြီ ဒါပေမဲ့ ငါတို့မိစ္ဆာနယ်မြေကဘုရင်က သူ့ကိုကယ်ရင်တော့ ငါမတတ်နိုင်ဘူး... မိစ္ဆာအရှင်ဒီကိုလာကတည်းက ဧကရီနဲ့ပတ်သတ်ပြီး ဘာသတင်းမှမကြားတော့ဘူး ပြီးတော့ မင်းတို့ဘုရင်ကလည်း ဘာမှမလုပ်သေးဘူး" ကောရွမ်နဲ့စာချုပ်ချုပ်ထားတဲ့ ယောက်ျားကပြောလိုက်သည်... ထိုအခါ သူမက မိစ္ဆာကောင်ကိုအံ့အားသင့်စွာကြည့်လိုက်၏....

"ရှင်သူ့ကိုမသတ်နိုင်ဘူးဆိုရင် ရှင့်ကိုကာကွယ်ပေးမယ့်အကြောင်းမေ့လိုက်တော့ ပြီးတော့ရှင်နန်းတော်ထဲမှာပုန်းဖို့ ကျွန်မကိုခြိမ်းခြောက်ပါတယ်ဆိုပြီး အရှင်မင်းကြီးကိုပြောလိုက်ရင် ရှင့်အသတ်ခံရလိမ့်မယ်" ဟုကောရွမ် ခြိမ်းခြောက်ကာပြောလိုက်သည်....

"ငါမင်းကိုသတိပေးခဲ့တယ် ဒါပေမဲ့ မင်းက ဒီအားနည်းတဲ့မိစ္ဆာကောင်ရဲ့အကူအညီနဲ့ ဧကရီကိုဒုက္ခပေးရဲတယ်ပေါ့!!" နဂါးလေးကအော်လိုက်ပြီးနောက် မိစ္ဆာကောင်ကို ချီစွမ်းအားနဲ့ အဝေးထိရောက်အောင်ကိုင်ပေါက်ပစ်လိုက်သည်.... ကောရွမ်တစ်ယောက်ကြောက်ရွံ့မှုကြောင့်တုန်လှုပ်နေ၏ အပြင်းအထန်ဒဏ်ရာရသွားတဲ့ မိစ္ဆာကတော့ ချက်ချင်းပျောက်သွားလေသည်... ဒီမှာရှိတဲ့လူတွေက သူတို့ဘုရင်လိုမျိုးအင်အားကြီးလိမ့်မယ်လို့ သူ(မိစ္ဆာ)လုံးဝမမျှော်လင့်ထားပေ....

"ဘယ်...ဘယ်လို .... နင်ဒီမှာဘာ...ဘာလုပ်နေတာလဲ" လှောင်ပြုံးပြုံးနေတဲ့နဂါးလေးကို ကောရွမ််မေးလိုက်သည်.... သူမကို အပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်နေတဲ့ နဂါးလေးကခေါင်းခါလိုက်သည်....

"အခု အရှင်မင်းကြီးက မင်းကိုမချစ်တော့ဘူး မင်းလက်လျှေ့ာသင့်နေတဲ့အချိန်မှာ ဘာကြောင့် ဧကရီ့ကိုသတ်ဖို့ ဆက်ပြီးကြိုးစားနေလဲဆိုတာ ငါသိချင်မိတယ်.... နောက်ဆုံးအကြိမ် ငါမင်းကိုသတိပေးပြီးပြီ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အရှင်မင်းကြီးကို ငါပြောရလိမ့်မယ်" ကောရွမ်ဘာမှမပြောနိုင်ခင်မှာပဲ နဂါးလေးက ပျောက်သွားသည်.... သူမဘာလုပ်ရမှန်းမသိတော့ပေ.... အကယ်၍ မိစ္ဆာကောင်နဲ့သူမကိုသာ ကြံရာပါအဖြစ်ဖမ်းမိရင် နှစ်ခါတောင်မတွေးပဲ အဲ့ကောင်ကသူမကိုပါဆွဲချသွားလိမ့်မယ်....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now