အပိုင်း(၁၈)

6.8K 587 6
                                    


[Unicode]

ကိုယ်ရံတော်ကအံ့ဩနေသည် "ဘယ်တုန်းက သူ့ကိုစားမယ့်အကြောင်းပြောခဲ့လို့လဲ... ဒီလူက တကယ့်ကို ဒရာမာကွင်းဆိုတာ သူ့အရှင်ကလည်းမပြောသွားပေ" ကိုယ်ရံတော်ကတိုးတိုးလေးပြောလိုက်ကာ ရှောင်ကျန့်နောက်ကိုလိုက်ဖမ်းလေသည်... သူက ဒီသခင်လေးကို စောင့်ရှောက်မယ်လို့ ကတိပေးထားခဲ့တာကြောင့် အခုတော့ မလိုအပ်ဘဲအာရုံစိုက်နေရပြီ....

"သခင်လေး.... မပြေးနဲ့တော့ သခင်လေးကကိုယ်ဝန်ရှိနေတယ်လေ... သခင်လေး မကောင်းတာတစ်ခုခုဖြစ်သွားရင် အရှင်က ကျွန်တော့်ကိုအပြစ်ပေးလိမ့်မယ်" သူကအော်ပြောနေသော်လည်း ရှောင်ကျန့်ကတော့ အော်ဟစ်ကာထွက်ပြေးနေဆဲပင်ဖြစ်သည်....

"ငါ့ကိုမစားပါနဲ့! ငါ....ငါ မိစ္ဆာတွေကိုဘယ်လိုသတ်ရမလဲဆိုတာသိတယ်နော်!" ကြောက်ရွံ့မှုကြောင့် တုန်ယင်နေတဲ့ ရှောင်ကျန့်က အခု သူ့ရှေ့မှာရပ်နေတဲ့လူကို အော်ပြောလိုက်၏....

"သခင်လေး.... ကျွန်တော် သခင်လေးကိုမစားပါဘူး... သခင်လေးကိုဂရုစိုက်ထားဖို့ပဲ ကျွန်တော့်ကိုတာဝန်ပေးထားတာပါ.... သခင်လေးရဲ့ခင်ပွန်းက နန်းတော်ကကိစ္စတွေဖြေရှင်းပြီးသွားရင် သခင်လေးကိုလာခေါ်ပါလိမ့်မယ်" မောဟိုက်နေတဲ့ အစောင့်ကပြန်ဖြေလေ၏.... ရှောင်ကျန့်တစ်ယောက်မျက်တောင်တွေကိုတဖျစ်ဖျစ်ခတ်လိုက်သည်.... အိုး....သူ့(ကိုယ်ရံတော်)ကို သူ့ရဲ့အရှင်ကတာဝန်ပေးထားတယ်? ဝမ်ရိပေါ်က သူ့ကို ဒီနေရာကို ခေါ်လာတယ်ဆိုရင် သူ့ကိုဘယ်သူမှထိရဲမှာမဟုတ်ဘူး... အဆုံးတွင် သူကလည်းယောက်ျားတစ်ယောက်ပဲမလို့ မိစ္ဆာတွေကိုကြောက်မနေသင့်ဘူး... မိစ္ဆာတစ်ကောင်ပဲ... ဘာမှမဖြစ်လောက်ပါဘူး....

"ငါ....ငါမင်းကိုစမ်းသပ်နေတာပါ.... ငါမိစ္ဆာတစ်ကောင်ကိုကြောက်တယ်လို့ဘယ်သူပြောလဲ! ငါကယောက်ျားတစ်ယောက်ပဲ ပြီးတော့ သတ္တိလည်းအရမ်းရှိတယ်... .ကိုယ့်ကိုယ်ကိုရော ငါ့ယုန်လေးကိုရော ငါကာကွယ်နိုင်တယ်" ရှောင်ကျန့်ပြန်ပြောလိုက်ကာ သူ့လက်ထဲကလေးကို ကြင်နာစွာပွတ်သပ်ပေး၏... ထိုအခါ ကလေးကတခစ်ခစ်ရယ်လေသည်... သူ့ကလေးကိုလည်းနှစ်သိမ့်ဖို့ရာ ဗိုက်ကိုပွတ်သပ်ပေးဖို့လည်းရှောင်ကျန့်မမေ့ပေ....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now