အပိုင်း(၁၅)

7.4K 639 14
                                    


[Unicode]

လိုက်ဖက်ညီတဲ့ဝတ်စုံတွေကိုဝတ်ထားလျက် အရှင်မင်းကြီးကဧကရီ့အားနီးနီးကပ်ကပ်တွဲထားခြင်းက နန်းတော်အတွင်းရှိ အစောင့်တွေနဲ့အစေခံတွေကိုအထူးအဆန်းဖြစ်သွားစေသည်... အရင်တုန်းက ဒီလိုမြင်ကွင်းမျိုး သူတို့တစ်ခါမှမမြင်ခဲ့ဖူးပေ...

"အရှင်မင်းကြီး.... ကျွန်တော်တို့ ကြင်ယာတော့်ဆီ အရင်သွားလို့ရမလား...သူမ နေမကောင်းဘူးလို့ပြောတယ်....ဧကရီတစ်ယောက်အနေနဲ့ အရှင့်ရဲ့ကြင်ယာတော်တွေကိုစောင့်ရှောက်ပေးရမှာက ကျွန်တော့်တာဝန်ပါ" ရှောင်ကျန့်တစ်ယောက် သူ့မူလကမ္ဘာမှာတုန်းက ကြည့်ဖူးတဲ့ဇာတ်လမ်းတွဲတွေမှာပါတဲ့ စကားအတိုင်းပြောလိုက်၏..ရိပေါ်သူ့နှုတ်ခမ်းတွေကို အပြုံးတစ်ခုဖြစ်အောင်ကွေးလိုက်သည်.. ထို့နောက် ဧကရီ့မျက်နှာပေါ်မှာကျနေတဲ့ဆံပင်တွေကို ဂရုတစိုက်ဖယ်ပေးလိုက်၏....

"အလုပ်ကြိုးစားနေတာပဲ..မင်းသင်ယူဖို့အဆင်သင့်ဖြစ်နေတာကို ဒီဘုရင်က သဘောကျတယ်... ကိုယ်တော် ဧကရီ့ကို ဆုချပေးရတော့မှာပဲ" ရိပေါ်ပြောလိုက်ပြီး ရှောင်ကျန့်ပြန်ပြောတာကိုစောင့်နေသည်.. ရှောင်ကျန့်မျက်လုံးတွေ အပြစ်ကင်းစင်စွာ တောက်ပသွား၏..သူကသရုပ်ဆောင်ပိုင်းမှာ တကယ်ကျွမ်းကျင်နေပြီး ရှေးခေတ်ကရူးနေတဲ့ လူတွေက ဘာမှမသိဘူး...ရှေးခေတ်ရုပ်ရှင်တွေကြည့်ပြီးရူးသွပ်နေတဲ့လူတွေကို သူကျေးဇူးတင်မိတယ်...

"ဒီဧကရီက ဘာမှမလိုပါဘူး..အရှင်မင်းကြီးကျန်းမာ ချမ်းသာဖို့ပဲ ကျွန်တော်ဆုတောင်းနေတာပါ" ရှောင်ကျန့်ပြန်ဖြေလိုက်သည်...အမှန်တကယ်တော့ သူမြင်ခဲ့တဲ့ ရွေပန်းအိုးကြီးကို တကယ်လိုချင်နေတာ..သူ့ရဲ့ကမ္ဘာမှာဒီပန်းအိုးကိုသာရောင်းလိုက်ရင် ချမ်းသာလာမှာသေချာတယ်.. ရှောင်ကျန့် သူ့နှဖူးပေါ်ကို နူးညံ့တဲ့နှုတ်ခမ်းတစ်စုံရောက်လာတာ ခံစားမိတော့ အံ့ဩသွားပြီး မျက်နှာက လုံးဝကိုအနီရောင်ပြောင်းသွား၏.. မင်းကြီးက သူ့ကိုလူမြင်ကွင်းမှာနမ်းလိုက်တယ်! သူ့ဧကရီကိုနှစ်သက်ကြောင်း အကုန်လုံးမြင်အောင်ပြနေတာလား...ဧကရာဇ်နဲ့ဧကရီထွက်ခွာမှာကိုစောင့်နေတဲ့ အစေခံတွေနဲ့အစောင့်ရဲမက်တွေက အတင်းအဖျင်းစပြောလေတော့သည်...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now