အပိုင်း(၃၂)

5.2K 438 11
                                    


[Unicode]

ကလေးငိုသံကြောင့် ရှောင်ကျန့်နိုးလာကာ ချက်ချင်းထလိုက်သည်... ကလေးကိုရိပေါ်ကချီထားကာ ကလေးကတော့ သူ့ခမည်းတော်လက်ထဲမှ ရုန်းကန်ရင်းအော်ငိုနေတာကိုတွေ့တော့ ရှောင်ကျန့်အံ့အားသင့်သွားလေသည်... ဝမ်ယွမ်ကလည်း သူ့ခမည်းတော်ဘေးမှာထိုင်နေကာ သူ့ညီငယ်လေးအငိုတိတ်အောင် ချော့မော့နေလေ၏... ရှောင်ကျန့် အိပ်ရာမှထကာ ရိပေါ်လက်ထဲမှကလေးကို ခေါ်လိုက်သည်...

ရိပေါ်ပြုံးလိုက်၏ "သူဗိုက်ဆာနေတာဖြစ်ရမယ်" သိသိသာသာကိုပဲ ကိုယ်ချီတာကို မခံချင်တာ... ကိုယ်သူ့ကို ပြုတ်စားလိုက်မှာကိုကြောက်နေတာ.. ရိပေါ်အဲ့ဒါကိုတော့ ကျယ်ကျယ်မပြောလိုက်ပါဘူး ဗိုက်ဆာတဲ့အကြောင်းပဲ အသံထွက်ပြောလိုက်တာဖြစ်တယ်... ရှောင်ကျန့်က သူ့ကိုယ်သူအမေဖြစ်တယ်ဆိုတာသိတာကြောင့် ငိုကြွေးနေသေးတဲ့ကလေးနဲ့အတူ ဂရုတစိုက်ထိုင်လိုက်သည်... အပြင်ဝတ်ရုံကိုချွတ်လိုက်ကာ သူ့ရဲ့သေးငယ်တဲ့ရင်ဘတ်ကအသီးလေးတွေကို ကြည့်လိုက်သည်... ကလေးက အငိုတိတ်သွားကာ သူ့မယ်တော်ရဲ့ ပြားကပ်နေတဲ့ရင်ဘတ်ကို ကြည့်နေလိုက်၏... ကောင်ငယ်လေးက နှုတ်ခမ်းသပ်လိုက်ကာ သူ့လက်သေးသေးလေးတွေကို ပျော်ရွှင်စွာလှုပ်ရှားလိုက်သည်... ရှောင်ကျန့် သူဘာလုပ်လိုက်လဲဆိုတာသတိထားမိသွားပြီး ချက်ချင်းဝတ်ရုံကိုပြန်ဝတ်လိုက်တာကြောင့် ငြိမ်နေတဲ့ကလေးက တအီအီအသံပြုလေတော့သည်....

"အ...အရှင်...ကျွန်တော်တို့ကလေးအတွက် နို့ရနိုင်တယ်မလား ကျွန်တော်က..အမျိုးသားတစ်ယောက်လေ အရှင်သိပါတယ် ကျွန်တော် နို့မထွက်နိုင်ဘူးလေ" ရှောင်ကျန့်တစ်ယောက် မျက်နှာနီလာကာပြောလိုက်လေသည်... သူ့ကို မယ်တော်လို့ခေါ်တာများလွန်းလို့ ရှက်စရာကောင်းတာကိုတောင် လုပ်မိသွားသည်... သူက မိန်းမမဟုတ်ဘဲ ယောကျားတစ်ယောက်မလို့ ကလေးကို ဘယ်လိုများနို့တိုက်နိုင်မှာလဲ... အမေလို့ခေါ်တာကတောင် အရမ်းလွန်နေတာကို သူ့ကိုယ်သူ မိန်းမတစ်ယောက်လိုမျိုး တွေးလိုက်သေးတယ်....

"မင်းနို့ထွက်နိုင်ပါတယ်...ဒီမှာလေ" ထို့နောက် ရှောင်ကျန့်တစ်ယောက် သူ့ရင်ဘတ်မှာအဝတ်မရှိတော့တာကိုတွေ့လိုက်ပြီး ခဏအကြာမှာတော့ သူ့ရဲ့ပြားကပ်နေတဲ့ရင်ဘတ်က အသီးလေးတွေကို ကလေးက စုပ်နေလေသည်... ရှောင်ကျန့်မျက်လုံးတွေပြူးကျယ်သွား၏ ဒါကအရမ်းရှက်စရာကောင်းတာပဲ.... ရိပေါ်က ရှောင်ကျန့်ဘာလုပ်တော့မယ်ဆိုတာကို သိလိုက်သည်... ထို့နောက် မမြင်ရတဲ့ကြိုးတစ်ချောင်းပေါ်လာကာ ရှောင်ကျန့်လက်တွေကိုချည်နှောင်လိုက်လေ၏....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now