အပိုင်း(၁၆)

7K 615 7
                                    

[Unicode]

"အစ်ကိုတော် ကျွန်တော်နဲ့လိုက်ခဲ့" ရိပေါ်ပြန်မဖြေလိုက်ပေမဲ့သူ့နောက်သွားလေ၏.... ကျင့်ကြံရေးအခန်းတစ်ခုဖြစ်ပုံပေါ်သော အခန်းငယ်တစ်ခန်းကိုရောက်တော့ အလယ်မှာရေခဲခုတင်တစ်လုံးတွေ့ရသည်...ထိုအခါသူဘာလုပ်ရမလဲဆိုတာသိလိုက်၏... ရှောင်ကျန့်ကိုကုတင်ပေါ်တင်လိုက်သည်....အရိုးထိတောင်ထိုးဖောက်နေတဲ့ပြင်းထန်တဲ့အအေးဓာတ်ကြောင့် သတိမေ့နေတဲ့ရှောင်ကျန့်ရဲ့ကိုယ်က တခိုက်ခိုက်တုန်ယင်နေလေသည်... 

"ကောင်းပြီ...ဒါကိုပြီးအောင်လုပ်ကြရအောင်" ဝမ်လျို့ ထပ်ပြောလိုက်သည်... သူခုတင်ပေါ်တွင်တင်ပျဉ်ခွေထိုင်ပြီးနောက် ရှောင်ကျန့်ကိုလည်းထိုင်ဖို့ကူညီပေးလိုက်သည်....ဝမ်လျို့က  ရှောင်ကျန့်ကိုယ်ထဲမှာရှိနေတဲ့မိစ္ဆာမျိုးစေ့ကို အပြင်ထွက်လာအောင်ကြိုးစားသည်... အထဲမှအားတစ်ခုက သူ့ကိုတားလိုက်သဖြင့် နောက်တစ်ကြိမ်ထပ်ကြိုးစားသော်လည်း ရလဒ်မှာတော့အတူတူပဲဖြစ်သည်....ထို့နောက် မိစ္ဆာအရှင်က သူ့ဝမ်းကွဲကို စိုးရိမ်စွာဖြင့်ကြည့်လိုက်သည်....

"ဘာမှားနေလို့လဲ... မင်းဘာလို့တုံ့ဆိုင်းနေတာလဲ... အခုချက်ချင်းလုပ်လေ!"ဝမ်ရိပေါ် စိတ်မရှည်စွာအော်လိုက်၏...သူ့ဧကရီရဲ့ အသက်စွမ်းအားတွေနည်းသထက်နည်းလာတာကို သူခံစားမိ၏....

"စိတ်လျှော့.... ရိပေါ်....အထဲမှာရှိတဲ့ကလေးက ခုခံနေပုံရတယ်.. သူကမိစ္ဆာမျိုးစေ့ကို အပြင်ထုတ်ဖို့ကြိုးစားနေတယ်..ဒါပေမဲ့ အချိန်အကြာကြီးတော့ ထိန်းထားနိုင်မှာမဟုတ်ဘူး...မင်းရဲ့ဧကရီက အခု သူ့အသက်ကိုလောင်းကြေးထပ်နေရတယ်" မိစ္ဆာအရှင်ပြောလို့ပြီးသွားတဲ့အချိန်မှာပဲ   ရှောင်ကျန့်သွေးတစ်လုတ်အန်လိုက်လေ၏.....ရိပေါ် သူ့ဝမ်းကွဲနဲ့ဆန့်ကျင်ဘက်  ရှောင်ကျန့်ဘေးမှာအမြန်ထိုင်လိုက်သည်....

"ငါ့ကို ကူညီပါ...သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုမှ ငါအဆုံးရှုံးမခံနိုင်ဘူး...မင်းရဲ့ပိုးကောင်ကိုသုံးပြီး ကလေးကိုမေ့မျောသွားအောင်လုပ်လိုက်...ဒီလိုဆို မင်းအစေ့ကိုဖယ်နိုင်လိမ့်မယ်..ကလေးအတွက်တော့မစိုးရိမ်နဲ့ ငါဂရုစိုက်လိုက်မယ်" ဝမ်လျိုက ခေါင်းညှိမ့်လိုက်ပြီးနောက် အပြာရောင်ပိုးကောင်တစ်ကောင်ပေါ်လာ၏...ရိပေါ်မျက်လုံးမှိတ်လိုက်ပြီး သူ့ကလေးနဲ့ဆက်သွယ်ဖို့ကြိုးစားလိုက်သည်....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now