အပိုင်း(၂၉)

5.4K 461 3
                                    


[Unicode]

မြွေဥလေးက ပုန်းနေရာမှထွက်မလာခဲ့ပေ... အဲ့နေ့ညနေမှာတော့ ရှောင်ကျန့်နိုးလာလေသည် သူနိုးလာတဲ့အချိန်တိုင်း သူ့ရဲ့ဖောင်းနေတဲ့ဗိုက်လေးကိုထိလေ့ရှိ၏... ဒါပေမဲ့ အခုတော့ ပြားနေတဲ့ဗိုက်ကိုသာထိလိုက်မိသည်..... သူချက်ချင်းအိပ်ရာပေါ်မှာထထိုင်လိုက်ပြီးနောက် ဥလေးကိုဥပြီးသွားပြီဆိုတာသတိရပြီးမှ စိတ်သက်သာရာရသွားလေသည်.. သူလှည့်ပတ်ကြည့်လိုက်ပြီး သူ့ဝတ်ရုံအောက်မှာရှိနေတဲ့ဥလေးကိုမြင်လိုက်တဲ့အခါ သူပြုံးလိုက်၏... ထို့နောက် ဥလေးကို သူဂရုတစိုက်နဲ့မလိုက်သည်... မဟုတ်ရင် ဥလေးကွဲသွားပြီး သူ့ကလေးသေသွားမှာကို သူကြောက်နေ၏...

"ဟေး... ကောင်ငယ်လေးရေ...ငါ့ရဲ့ကလေးလေး.... မင်းဒီထဲမှာတကယ်ရှိနေတာလား " ရှောင်ကျန့်ချိုသာစွာမေးလိုက်ပြီး ဥလေးကိုပွတ်သပ်ကာနမ်းလိုက်လေ၏.... အထဲမှာရှိတဲ့ကလေးက ကျေနပ်စွာညည်းညူလိုက်သည်.... သူ့မယ်တော်ကပဲ သူ့ကိုချစ်ပြီး သူကလည်းချစ်တဲ့တစ်ဦးတည်းသောလူဖြစ်သည်... ရှောင်ကျန့် သူ့ခေါင်းကိုငုံ့လိုက်ကာ ဥလေးကနေထွက်လာတဲ့ နှလုံးခုန်သံကိုနားထောင်လိုက်လေ၏... ရှောင်အံ့အားသင့်သွားလေသည် အမျိုးသမီးတစ်ယောက်ရဲ့သားအိမ်ထဲမှာ ကြီးထွားနေတဲ့ပုံမှန်ကလေးတစ်ယောက်လိုမျိုးပဲ... သူတို့ရဲ့နှလုံးခုန်သံက ဥထဲမှာကြီးထွားဖွံ့ဖြိုးနေတဲ့သူ့ကလေးရဲ့နှလုံးခုန်သံလိုပဲ မြန်နေ၏....

ဝမ်ရိပေါ်တစ်ယောက် သူ့ဆီရောက်လာတာကိုမြင်တော့ပြုံးလိုက်သည်... ဥလေးကိုအိပ်ရာပေါ်မှာချလိုက်သော်လည်း ဥလေးက ရှောင်ကျန့်ပေါင်ပေါ်ခုန်တက်ပြီး သူ့ဗိုက်နားရောက်အောင်လှိမ့်လာလေသည်.... ရိပေါ် ခုတင်ပေါ်မှာပဲထိုင်ချလိုက်ပြီး ရှောင်ကျန့်ကို တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်...

"နောက်ဆုံးတော့ နိုးလာပြီ ကိုယ့်ရဲ့ဧကရီလေး... အခုဘယ်လိုနေသေးလဲ" ရှောင်ကျန့်ရဲ့နောက်ကျောကို ကြင်နာစွာပွတ်သပ်ရင်းရိပေါ်မေးလိုက်သည်... ရှောင်ကျန့်ကတော့ နှုတ်ခမ်းဆူလိုက်၏...

"ကျွန်တော် အခု ဗိုက်ဆာနေတယ်... ကျွန်တော့်ဗိုက်ထဲမှာ ဘာမှမရှိသလိုခံစားနေရတယ်" ဝမ်းနည်းနေတဲ့လေသံနဲ့ ရှောင်ကျန့်ဖြေလိုက်လေသည်... ဥလေးက သူ့မယ်တော်သူ့အား လျစ်လျူရှုတာကိုမြင်တော့ သူ့ရဲ့အခွံနဲ့ ရှောင်ကျန့်ဗိုက်ကိုပွတ်တိုက်လေသည်... ထိုအခါမှ ရှောင်ကျန့် ရိပေါ်ကိုဖက်ထားရာမှ ဖယ်လိုက်ပြီး သူ့အာရုံက ဥလေးဆီကိုပြန်ရောက်လာ၏....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now