အပိုင်း(၃၄)

4.6K 400 2
                                    


[Unicode]

Ningက အမောတကောပြေးလာတဲ့အချိန်မှာ ရှောင်ကျန့်တစ်ယောက် မယ်တော်ကြီးရဲ့အစေခံပြင်ပေးတဲ့ လက်ဖက်ရည်ကို ထိုင်သောက်နေလေသည်... Ningကို ရှောင်ကျန့် ရှုပ်ထွေးစွာကြည့်လိုက်၏... တစ်ခုခုဖြစ်လို့လားဆိုတာသူသိချင်နေ၏..ဝမ်ယွမ်များထိခိုက်ဒဏ်ရာရသွားတာလား...ပြန်ပေးဆွဲခံရတာလား မဟုတ်ရင် အရှင်မင်းကြီးများလား... သူကအရမ်းကိုခွန်အားကြီးတယ်...သူကခွန်အားမကြီးဘူးဆိုရင်လည်း အိမ်မက်ထဲမှာတောင်မှ သူကိုဘယ်သူမှမထိရဲပေ....

"ဟေး...Ning  ဘာဖြစ်လို့လဲ... ငါ့သားလေးဝမ်ယွမ် တစ်ခုခုမကောင်းတာဖြစ်လို့လား" ရှောင်ကျန့်မေးလိုက်တော့ Ning ခေါင်းခါလိုက်သည်... 

"ဧကရီ...အဲ့ဒါထက်ဆိုးတယ်.... အရှင်မင်းကြီးကိုလေ ကလေးတွေထပ်ရအောင်လို့ ကြင်ယာတော်တွေထပ်ယူဖို့ပြောတယ်" Ning ပြန်ဖြေလိုက်သောအခါ ရှောင်ကျန့်တစ်ယောက် သောက်နေတဲ့လက်ဖက်ရည်တွေသီးကုန်ကာ ခွက်လည်းလွတ်ကျသွား၏... သူ့ရဲ့အရှင်ကိုဘယ်သူကများ ကြင်ယာတော်ထပ်ယူဖို့ပြောရဲတာလဲ... ဧကရီတစ်ယောက်နဲ့ မလုံလောက်ဘူးလား....

"အရှင်မင်းကြီးကရောလက်ခံလိုက်လား" ရှောင်ကျန့်မေးတော့ Ning ခေါင်းရမ်းလိုက်လေ၏....

"ကျွန်တော်မျိုး ကြားတော့ ချက်ချင်းဧကရီကိုသတင်းလာပေးတာပါ"Ning ပြန်ဖြေလိုက်သည်.... ရှောင်ကျန့် ထိုင်ရာမှထလိုက်လေ၏.... အရှင်မင်းကြီးကို သူပြောရမယ်... ကြင်ယာတော်ကောရွမ်တစ်ယောက်တည်းနဲ့တောင် သူသေလုနီးပါးဖြစ်သွားတာ ဘုရင်ကနောက်ထပ်ကြင်ယာတော်တွေထပ်ယူမယ်ဆိုရင် ဘာအတွက်မှမကောင်းပေ... နန်းတော်ထဲမှာ သူ့နေ့ရက်တွေကုန်ဆုံးခင် သူမြန်မြန်သေသွားလိမ့်မယ်.... Ning ကသူ့သခင် ဘယ်သွားမလို့လဲဆိုတာ သိချင်သွားသည်... "ဧကရီ...ဘယ်ကိုသွားမလို့လဲ" အကာအရံစည်းတစ်ခုရှိတာကြောင့် ရှောင်ကျန့်ရပ်လိုက်ရ၏...သူဒီနေရာကနေ ဘယ်ကိုမှသွားလို့ရမှာမဟုတ်ဘူး...

"ငါ့ကိုလိမ်ဖို့ကြိုးစားတဲ့အတွက် အရှင်မင်းကြီးကိုဆုံးမ မလို့" ရှောင်ကျန့်ပြန်ဖြေရင်း အကာအကွယ်စည်းကို သူ့လက်တွေနဲ့ရိုက်လေသည်... သို့သော်လည်း ဘာမှဖြစ်မလာပေ.... ဝမ်ယွမ့်ကိုချီလျက် ရိပေါ်ရောက်လာလေ၏... ရှောင်ကျန့်က အရှင်မင်းကြီးနဲ့အရေးတကြီးပြောစရာရှိသဖြင့် ဝမ်ယွမ်ကို ဥယျာဉ်ထဲသွားကစားခိုင်းရန် Ningကိုညွှန်ကြားလိုက်သည်... ရိပေါ်အံ့ဩသွား၏... သူ့ဧကရီက  သူနဲ့ ဘယ်တုန်းကမှအလေးအနက်စကားမပြောခဲ့ဖူးပေ... ထို့အတွက် အခု သူ့ဧကရီဘာပြောချင်တာလဲဆိုတာ သိချင်စိတ်ပြင်းပြသွား၏... 

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now