အပိုင်း(၄၀)

4.5K 362 0
                                    

[Unicode]

ရိပေါ်တစ်ယောက် လှောင်ကာရယ်မောနေတာကြောင့် ပိုင်မျိုးနွယ်ကကြောက်ရွံ့တုန်လှုပ်လာလေ၏... ပိုင်မျိုးနွယ်ညွှန်ကြားထားတဲ့လူတွေက ချက်ချင်းရောက်လာကာ ဝမ်ရိပေါ်၊ အမတ်တွေနဲ့ အခြားတော်ဝင်မျိုးနွယ်တွေကို ဝန်းရံထားလေသည်... ရိပေါ် သူ့ထိုင်ခုံကိုပြန်လာပြီး မျက်လုံးမှိတ်ကာကျိန်ဆဲနေတဲ့ရှောင်ကျန့်ကိုကြည့်လိုက်၏... အချို့စကားလုံးတွေဆိုရင် ရိပေါ်တစ်ခါမှမကြားဖူးပေ...

"shit... ငါ့ကိုလည်းငါးစာအဖြစ်သုံးတယ်... အခုတော့ ခင်ဗျားကမိသားစုကိုတောင်မရွေးနိုင်ဘဲ ခင်ဗျားရဲ့ထီးနန်း ခင်ဗျားရဲ့ပလ္လင်ကိုပဲရွေးဖို့ဆုံးဖြတ်တယ်! Asshole! Motherfucker! သွားသေလိုက်! ငါ့စိတ်ဝိညာဉ်ကခင်ဗျားကိုတစ်ချိန်လုံးခြောက်လှန့်နေမှာ!" ရှောင်ကျန့်ကျိန်ဆဲနေလေတော့ ရိပေါ်ရယ်မောကာ ရှောင်ကျန့်နှဖူးလေးကိုထိလိုက်သည်....

"ကိုယ်ကိုကျိန်ဆဲလို့မပြီးသေးဘူးလား" ရိပေါ်ရဲ့အမေးကြောင့် ရှောင်ကျန့်အော်နေတာရပ်သွားကာ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်လေသည်... ဘယ်သူလဲဆိုတာသူမြင်သွားတော့ ပြုံးဖြဲဖြဲလုပ်လိုက်၏.. ထို့နောက် ဘေးကိုလှည့်ပတ်ကြည့်လိုက်တော့ အနားမှာ မယ်တော်ကြီးနဲ့သူ့မိဘတွေရပ်နေတာကိုမြင်လိုက်ရလေတော့သည်....

"အမေ... ကလေးကိုခဏလောက်ချီထားပါအုံး... ကျွန်တော်အရမ်းအရေးကြီးတာလုပ်စရာရှိသေးတယ်" ရှောင်ကျန့်ပြောလိုက်၏... ထို့နောက် ဘေးဘက်ကိုသွားပြီး သူ့ဝတ်ရုံရှည်ကြီးကိုချွတ်ကာ စနစ်တကျထားလိုက်ပြီးနောက် ရိပေါ်ကိုကြည့်ကာ သရော်ပြုံးပြုံးပြလိုက်လေသည်....

"အစုတ်ပလုတ်ကောင်ကြီး! ကျွန်တော်ဒီနေ့ ခင်ဗျားကိုကောင်းကောင်းဆုံးမရမယ်!" ရှောင်ကျန့်တစ်ယောက်အော်ကာ ရိပေါ်ဆီသို့ တန်းတန်းမတ်မတ်ပြေးလာလေသည်... ရိပေါ်အရမ်းအံ့ဩသွားကာ တုံ့ပြန်ဖို့အချိန်တောင်မရှိလိုက်ပေ... ရှောင်ကျန့်ကသူ့ပေါ်ကိုခုန်တက်လိုက်တာကြောင့် သူလဲကျသွားသည်.. ရှိနေတဲ့လူတွေအကုန်လုံးလည်း မျက်လုံးမှိတ်လိုက်လေ၏ အဘယ်ကြောင့်ဆိုသော် အစားအသောက်တွေတင်ထားတဲ့စားပွဲပေါ်ကို ရိပေါ်လဲကျပြီးစားပွဲကျိုးသွားကာ ရှောင်ကျန့်က သူ့အပေါ်မှာထိုင်နေသောကြောင့်ဖြစ်၏... ကောင်းလိုက်တဲ့ရိုက်ချက်ပဲ သူရိုက်လိုက်တာ ရိပေါ်ရဲ့ချောမောတဲ့မျက်နှာကြီးမဲပြာသွားတာပဲ... ဝမ်ရှင်းတစ်ယောက် သူ့အဖွားရင်ခွင်ထဲကနေ လက်ခုပ်တီးရင်းတခစ်ခစ်ရယ်နေလေသည်... မယ်တော်ကြီးကလည်းအံ့ဩသွား၏...

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now