အပိုင်း(၅၀)

4.4K 314 0
                                    


[Unicode]

ရှောင်ကျန့်နိုးလာတော့ ရေချိုးကာ အခန်းထဲကထွက်ဖို့ဆုံးဖြတ်လိုက်သည်... သူအကြာကြီးအိပ်နေရတာညောင်းနေပြီ.. ဒါ့အပြင် သူ့သားဝမ်ရှင်းလေးကိုလည်း မနက်ထဲကမတွေ့ရသေးတာကြောင့် သူအရမ်းလွမ်းနေပြီ... မိန်းမစိုးက သူ့အား အရှင်မင်းကြီးဆီကိုလမ်းညွှန်ပေးသည်... သူရိပေါ်ဆီရောက်သွားတော့ သူကဝမ်ယွမ့်ကို သိုင်းပညာလေ့ကျင့်ပေးနေ၏... ဝမ်ယွမ့်ကို လေ့ကျင့်ပေးနေတဲ့အရှင်က ဘယ်လောက်တောင် စည်းကမ်းတင်းကျပ်ပြီးကြောက်စရာကောင်းတယ်ဆိုတာကို မြင်လိုက်တော့ ရှောင်ကျန့်မှာ တုန်ယင်သွားလေသည်.... "သူကငါ့ကိုလည်းသင်ပေးချင်နေတယ်...မရဘူး ငါရအောင်ငြင်းရမယ်... မဟုတ်ရင် ငါသေတောင်သေသွားနိုင်တယ်" ရှောင်ကျန့်တိုးတိုးလေးပြောရင်း သူ့ရင်ဘတ်ကိုထိလိုက်သည်... ထိုအခါ သူ့ဘေးမှာရှိတဲ့မိန်းမစိုးက ဧကရီ့ကိုလှည့်ကြည့်လာလေသည်....

"ဧကရီ တစ်ခုခုပြောလိုက်တာပါလား" ရှောင်ကျန့်ရှက်သွားကာ ပြုံးပြီးခေါင်းခါလိုက်၏... "ငါမပြောပါဘူး... ရှုခင်းကိုခံစားကြည့်နေတာပါ" ရှောင်ကျန့်ပြန်ဖြေရင်း အရှက်ပြေလုပ်ရယ်လိုက်၏... ဝမ်ယွမ်မှာတော့ သူ့မယ်တော်အသံကြားကာ ပြုံးလိုက်လေ၏...

"မယ်တော်...ကျွန်တော့်ကိုလာကူညီပါအုံး... ခမည်းတော်က အရမ်းစည်းကမ်းတင်းကျပ်တာပဲ"ဝမ်ယွမ်တစ်ယောက် အော်ပြောပြီး သူတို့နဲ့သိပ်မဝေးတဲ့နေရာမှာရှိတဲ့ရှောင်ကျန့်ဆီ ပြေးသွားလိုက်၏... ထိုအခါ ရိပေါ်သရော်ပြုံးပြုံးကာ စိတ်စွမ်းအားသုံးလျက် ဝမ်ယွမ့်ကိုပြန်ဆွဲခေါ်လိုက်သည်... ရှောင်ကျန့် သူ့သားကိုဖက်တော့မယ့်အချိန်မှာဘဲ သူရော သူ့သားပါ ရိပေါ်ထိုင်နေတဲ့နေရာကို ဆွဲခေါ်ခံလိုက်ရလေ၏... ရှောင်ကျန့်က ရိပေါ်ပေါင်ပေါ်မှာထိုင်လျက်သားဖြစ်သွားကာ ဝမ်ယွမ်ကတော့ ဘေးဘက်မှာထိုင်လိုက်လေ၏...

"ဝမ်ယွမ်... သားပြန်လို့ရပြီ... ခမည်းတော် မင်းမယ်တော်နဲ့စကားပြောလိုက်အုံးမယ်"ရိပေါ်ဆိုကာ သူ့သားကိုထွက်သွားခိုင်းလိုက်၏... ဝမ်ယွမ် နည်းနည်းဝေးဝေးလောက်လမ်းလျှောက်သွားပြီးနောက် နဂါးနီလေးက သူ့ကိုရုန်းလို့မရအောင်ချုပ်ကာ ခေါ်သွားလေသည်....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now