အပိုင်း(၄)

9.7K 771 58
                                    


[Unicode]

ရှောင်ကျန့်ရဲ့စကားတွေက ရိပေါ်ကို ဒေါသအချောင်းချောင်းထွက်စေသည်.. သူပြန်ပြောရဲတယ်ပေါ့..ရှောင်ကျန့်က ဘယ်တုန်းကမှပြန်ခံပြောဖူးတာမဟုတ်ဘူး...ဒီနေ့တော့ ရှင်ဘုရင်ကိုတောင်ပြန်ပြောရဲနေတယ်..သူတကယ်ကိုသေချင်နေတာပဲ...

"မင်းပြန်ပြောရဲတယ်....အစောင့်တွေ.....ရှောင်ကျန့်ကို သူ့ရဲ့နန်းဆောင်ထဲမှာပိတ်ထားလိုက်စမ်း...ငါမပြောမချင်း သူ့ကိုအပြင်ထွက်ခွင့်ပိတ်လိုက်..." ရိပေါ်အော်လိုက်သည်..ရှောင်ကျန့်ကမယ်တော့်နောက်မှာပုန်းနေပေမဲ့လည်း ဆွဲထုတ်သွားခံလိုက်ရသည်...

"အကြင်နာတရားမရှိတဲ့ဘုရင်.. ငါမင်းကို ပြန်ပေးဆပ်ရအောင်လုပ်မှာ" ရှောင်ကျန့်အော်လိုက်တော့ ရိပေါ်ပြုံးလိုက်တယ်..ပြီးတော့မယ်တော်ဘက်ကိုလှည့်ပြီး အရိုအသေပေးလိုက်သည်...

"မယ်တော်...ကျွန်တော့်ရဲ့ဧကရီကို ကျွန်တော်အပြစ်ပေးတာပါ...သူ့ရဲ့အမှားကို သူသိဖို့လိုတယ်..အဲ့အတွက် မယ်တော်ကျွန်တော့်ကိုဗွေမယူဘူးလို့ မျှော်လင့်ပါတယ်" ရီပေါ်ထပ်ပြောလိုက်တော့ မယ်တော်က သက်ပြင်းသာချလိုက်သည်....

"ကောင်းပြီ..ကောင်းပြီ..ဒါပေမဲ့ မင်းရဲ့ကြင်ယာတော်နဲ့ ပတ်သတ်ပြီး ဧကရီ့ဆီက မကျေနပ်ချက်တစ်ခုခုထပ်ကြားရလို့ကတော့ နောက်တစ်ကြိမ်ကျရင် သူမကိုသော့ခတ်ပိတ်ထားရုံပဲ မဟုတ်တော့ဘူးဆိုတာယုံလိုက်....ငါကိုယ်တိုင် ဧကရီ့ကို သူမရဲ့အပြစ်အတိုင်း အပြစ်ဒဏ်ပေးခိုင်းမှာ" မယတော်က ပြောပြီးထွက်သွားတော့သည်....ရိပေါ်ပြုံးလိုက်သည် ..ပြီးတော့အစောင့်တွေကိုသူ့လိုက်လာခိုင်း၏..သူ့ရဲ့ကြင်ယာတော်ကို သူသွားလွှတ်ပေးရဦးမယ်....

****************************************

ရှောင်ကျန့်သူ့ရဲ့နန်းဆောင်ထဲကို ပြန်ခေါ်သွားခံရပြီး အထဲမှာပိတ်ထားခံလိုက်ရသည်..အဲ့ဒီ့အသုံးမကျတဲ့ဘုရင်က သူ့ကိုနှစ်ခါတောင်မတွေးဘဲ အပြစ်ပေးလိုက်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး....

"မင်းတို့ငါ့ကိုထွက်ခွင့်ပေး...တံခါးဖွင့်ပေး..ငါ့ကိုထွက်ခွင့်ပေး"...ရှောင်ကျန့်အော်ပြီးတံခါးကိုကန်လိုက်သည်....Ning ကအပြင်မှာရပ်နေရပြီး အစောင့်တွေတားတာကို ခံထားရ၏..

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now