အပိုင်း(၁၄)

7.2K 641 37
                                    

[Unicode]

မီးလာနေလို့နောက်တစ်ပိုင်းတင်ပေးလိုက်ပါတယ်

*************************

"အရှင်ဒီနေ့ မနက်ပိုင်းညီလာခံမတက်ဘူးလား" ရှောင်ကျန့်က သူ့ကိုမနက်စာကျွေးနေတဲ့ရိပေါ်ကို မေးလိုက်သည်...

"မတက်ဘူး..ကိုယ်ပြီးရင် ကြင်ယာတော့်ဆီသွားအုန်းမယ်..မင်းကို Ningကပြန်ပို့ပေးလိမ့်မယ်" ရိပေါ်အဲ့လိုဖြေလိုက်တာကြောင့် ရှောင်ကျန့်တစ်ယောက် သူဝါးနေတဲ့အစားအစာတွေကို ထွေးထုတ်ပစ်လိုက်၏...အဲ့မိန်းမဆီသွားလည်အုန်းမှာ....သူအဲ့လိုလုပ်ခွင့်မပေးနိုင်ဘူး...ရှောင်ကျန့် Ningကိုခေါ်လိုက်သည်...

"ငါတို့အဆောင်ကိုပြန်ရအောင်..ငါတို့ကိုဒီမှာမလိုအပ်တော့ဘူး" ရှောင်ကျန့်ပြောလိုက်ပြီးတော့ ရိပေါ်ရဲ့ဝတ်စုံ ပေကျံသွားအောင် စွပ်ပြုတ်ပန်းကန်ကို ရည်ရွယ်ချက်ရှိရှိကန်လိုက်လေသည်....ထို့နောက် သူချက်ချင်းလှည့်ထွက်သွားပေမဲ့ အတားခံလိုက်ရ၏....

"ဒါ ဘာသဘောလဲ"

"ကျွန်တော့်ကို ဘယ်တုန်းကမှ ဂရုစိုက်ခဲ့တာ မဟုတ်ဘဲနဲ့ အခုကျတော့ ဘာလို့ဟန်ဆောင်နေတာလဲ ... ကျွန်တော့်အဆောင်ကိုပြန်ပြီး ပစ္စည်းတွေသိမ်းပြီးတော့ ထွက်သွားတော့မယ်..ကျွန်တော် ဧကရီမဖြစ်ချင်တော့ဘူး အရှင့်ရဲ့ကြင်ယာတော်ကိုသာ ဧကရီမြှောက်လိုက်တော့!"ရှောင်ကျန့်က ရိပေါ်ကိုအော်ကာ ပြန်ခံပြောနေပြီး ရိပေါ်ဆီကလွတ်အောင်ရုန်းနေသည်...ရိပေါ် သူ့ဧကရီကဒီလိုစကားတွေပြောလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပေ...

ဟုတ်တယ်..မယ်တော်! ထွက်သွားရအောင် မယ်တော့်ကို ကျွန်တော်ဂရုစိုက်ပေးမယ် ဒီလူ့ကို မယ်တော်မလိုအပ်ဘူး!

တစ်ဖက်မှာတော့ နဂါးလေးက သူ့မယ်တော်ထွက်သွားမယ့်အကြောင်းကြားတော့ အရမ်းပျော်နေလေ၏...သူက ဒီကပ်စေးနှဲပြီး သဘောထားသေးသိမ်တဲ့လူရဲ့ အထိန််းချုပ်ခံစရာအကြောင်းမရှိ‌တော့ဘူး!

"မင်းက ဧကရီဖြစ်တာကြောင့် မင်းကိုဒီနေရာကနေထွက်သွားခွင့်မပြုနိုင်ဘူး..ပြီးတော့ ကိုယ့်ရဲ့ကလေးကိုလည်းလွယ်ထားသေးတယ်..ကိုယ်ကမင်းကိုလက်ထပ်ထားတာကြောင့် ကိုယ့်ခွင့်ပြုချက်မရှိဘဲ မင်းထွက်သွားလို့မရဘူး" ရှောင််ကျန့်ရယ်ချင်သလိုခံစားနေရပြီး သူ့ရယ်ချင်စိတ်ကိုထိန်းထားရတာကြောင့် သူ့မျက်နှာက နီတောင်နီနေပြီ..သို့သော်လည်း ဒီအချိန်မှာတော့ သူ့ကိုဒေါသထွက်နေလို့ မျက်နှာနီလာတယ်ပဲထင်ကြမှာ....

အနှစ်သက်မခံရသော ဧကရီ (MM Translation)(season-1)Where stories live. Discover now